"ParkChan...မင်း ဘက်လိုက်တာ အရမ်းပဲ ။ "JunMyeonဆူအောင့်အောင့် ပြောရင်း လက်လှမ်းမှီသမျှ မာလကာသီးအချို့ကို အင်္ကျီစထဲ ထည့်ပြီး အင်္ကျီအောက်ဖျားစ,ကို ကိုင်ကာ အနည်းငယ် တုတ်ခိုင်သော ပင်စည်ရှိသည့် မာလကာပင်အောက်ခြေသို့ သွားထိုင်ပြီး ပင်စည်ကို မှီထားလိုက်သည်။
"Baekhyun...ရော့...အများကြီးတော့ မစားနဲ့ ။ "
အပင်ပေါ်ကတည်းက Baekhyunအတွက်ဆိုပြီး ခူးခဲ့သည့် မာလကာသီးတွေကို အပင်ပေါ်မှ ဆင်းကတည်းက လက်ထဲ ဆုပ်ကိုင်ခဲ့သည်။
"ဒါလေးပဲလား Chanyeollieရဲ့ ...ငါကြိုက်တာ သိရက်နဲ့ ။ "
Baekhyunက နှုတ်ခမ်းလေးဆူပြီး မကြည်ဟန် ပြသည်။
"ဒါပဲ စား ။ များရင် မကောင်းဘူး ။ "
ကမ်းလင့်ထားသည့် Chanyeolလက်ထဲမှ မာလကာသီးတွေကို ဆောင့်အောင့်ကာ ဆွဲယူပြီး Chanyeolကို မကျေနပ်သမျှ မာလကာသီးကို အငြိုးဖြင့် ကြိတ်ဝါးလိုက်သည်။
Chanyeolက Baekhyunအနား ကပ်ထိုင်ပြီး Baekhyunပေါင်ပေါ် တင်ထားသည့် ကျောပိုးအိတ်နှစ်လုံးကို ယူထားပေးသည်။"မင်းရော မစားဘူးလား Chanyeol "
လက်နှစ်ဖက်တွင် မာလကာသီးတွေ ကိုင်ပြီး ဘယ်တစ်ခါ ၊ ညာတစ်လှည့် ကိုက်စားနေသည့် JunMyeonက မေးလာသည်။
" ငါက သိပ်မကြိုက်ဘူး ။ "
"ငါတော့ စားလို့ ရသမျှ အကုန်ကြိုက်တယ် ။ "
"JunMyeon...မာလကာသီးအစေ့က ဗိုက်ထဲရောက်သွားရင် ဗိုက်ထဲမှာ အပင်ပေါက်တတ်တယ် ။ "
"ဟင်..."
Baekhyunရဲ့ အတည်ပေါက်ကြီးနှင့် စ,နောက်နေသည့် စကားကို JunMyeonကို ကြောင်သွားပြီးမှ...
"အဲ့တော့လည်း ဗိုက်ထဲ ပေါက်နေတဲ့ အပင်က အသီးကို ခူးစားမှာကွာ ။ "
ခပ်ရွဲ့ရွဲ့ ပြန်ပြောရင်း အစားကိုပဲ အာရုံစိုက်လိုက်သည်။
Baekhyunက Chanyeolပေးထားသော မာလကာသီး ၂လုံး ကုန်သည်နှင့် ထိုင်နေရာမှ ထကာ သတွတ်ပင်နားကို လျှောက်သွားလိုက်သည်။
သတွတ်ပင်ကြီးက အသီးတွေ ရာထောင်ချီ ပြွတ်ခဲနေသည်။
မြေကြီးထဲ ဝင်နေသော အသီးများက ပိုချိုတာကြောင့် Baekhyun ထိုင်ပြီး သတွတ်သီးများကို ကောက်လိုက်သည်။
အင်္ကျီ အောက်ဖျားစလေးမှ ကိုင်ကာ ထိုအထဲသို့ သတွတ်သီးများ ထည့်ပြီး Chanyeolထိုင်နေသည့်အနားကို ပြန်သွားလိုက်သည်။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...