24hours ဖွင့်သည့် ဓာတ်ဆီဆိုင်လေး။
ဒီမှာ ည ၇နာရီမှ မနက်၇နာရီထိ သူ့ရဲ့ အလုပ်ချိန်။တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေပေမယ့် အိပ်ရေးပျက်ရက်တွေ များတာကြောင့် မူးမိုက်နေသည့် ခေါင်းက အုံခဲနေသည်။
တစ်ချက် တစ်ချက် အမြင်အာရုံတွေ ပြာဝေလာသည်။
မီးအလင်းရောင် အားကိုးဖြင့် လက်မှ နာရီကို ကြည့်မိတော့ မနက်၎နာရီ။
နာရီလက်တံလေးတွေကိုပင် မနည်း အားစိုက်ကြည့်လိုက်ရသည်။ဒီအချိန်ဆို Appaအိပ်မောကျနေလောက်ပြီ။
ကောင်းကောင်းအိပ်စက်ရရဲ့လား မသိ။
တခါတရံ အသက်ရှူမဝလျှင် လန့်နိုးပြီး ထနိုင်နေရသည်အထိ Appaရဲ့ ရောဂါက ဆိုးလွန်းသည်။
ပုံမှန်သောက်နေရသည့် ဆေးတွေက သူရဲ့ လုပ်အားခတွေ ရသမျှကို အရည်ပျော်စေသည်။
တစ်လတစ်ခါ ဆပ်နေရသည့် အတိုးတွေ ။
တွေးကြည့်လျှင် စိတ်ညစ်စရာတွေချည်းဆိုပေမယ့် သူနေပျော်ပါသည်။
အဖေ ခေါ်စရာ တိတိပပ ရှိသေးသည့် ဘဝမှာ ဘယ်သူမှ သူ့အတွက် မရှိပေမယ့် Appaအတွက် ရုန်းကန်း ရှင်သန်ရတာ ဘဝရဲ့ အဓိပ္ပါယ်တစ်ခုလို ဖြစ်နေသည်။Appaအတွက် ကြိုးစားရမည် ၊ အကြွေးတွေ ဆပ်ဖို့ အလုပ်လုပ်ရမည်ဆိုတာတွေသာ မရှိလျှင် သူ့ရဲ့ မနက်ဖြန်တွေက ခြောက်ကပ်ကာ အဓိပ္ပါယ် မဲ့သွားလိမ့်မည်။
ရှင်သန်ရန် အကြောင်းပြချက်လည်း ရှိတော့မည်မဟုတ်။နောက်မှီမပါသည့် ခုံလေးပေါ် ထိုင်ပြီး ဘေးမှ နံရံကို ခဏမှီလိုက်သည်။
အချိန်ကြာကြာ လျော့ရဲစွာ နေ၍ မဖြစ်။
ကိုယ်က သူများအလုပ် လုပ်နေရတာ မဟုတ်လား။
သူ့ပိုက်ဆံ ယူထားမှတော့ တက်ကြွစွာ အလုပ်လုပ်နေသင့်သည်လေ။ညအချိန်မတော်ဆိုပေမယ့် ညရေး ညတာမှ အလုပ်လုပ်နေသူများကြောင့် ဆီဆိုင်လေးက လူအရမ်းပြတ်သည်ဆိုတာ မရှိ။
မြင်နေရသည့် တိုက်တာ အိုးအိမ်တွေအထက်တွင် တဖြည်းဖြည်း ရောင်နီပျို့လာသည်။
အလင်းရောင်ဖြာကျပြီး တလောကလုံးကို တောက်ပစွာ လင်းထိန်စေသည်။
တစ်နေ့တာ၏ အစက တစ်ခြားသူတွေအတွက် တက်ကြွနေပေမယ့် သူ့အတွက်က အလုပ်တာဝန်ချိန် ကုန်ဆုံးခါနီးလေ နွမ်းလျလာလေ ဖြစ်တာကြောင့် နေ့သစ်အစကို အထူးတလည် နှစ်ခြိုက်ခြင်း မရှိ။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...