အလုပ်ရှာနေရင်း ဖြတ်သွားမိတဲ့ အထပ်ပေါင်းမြောက်များစွာနဲ့ အဆောက်အဦးကြီးကို မော့ကြည့်မိသည် ။
ဒါ Baekhyunအလုပ်ဆင်းခဲ့ရတဲ့ Chanyeolရဲ့ ဆေးရုံသစ် ဆောက်လုပ်ရေး အဆောက်အဦးကြီး ။
ယခင် ဆောက်လုပ်နေစဉ်က အလုပ်သမားများနှင့် ဆောက်လုပ်ရေး ပစ္စည်းတို့၏ အသံတွေ ဆူညံနေပေမယ့် အခုတော့ ထည်ဝါမှုတွေနှင့် ပနံသင့်နေသည် ။
အလုပ်လုပ်နေစဉ်က ကိုယ့်လုပ်ငန်းခွင်မို့ မစိမ်းသက်ခဲ့သော်လည်း ယခုတော့ အရှိန်အဝါတစ်ခု ထင်ဟပ်နေသော အဆင့်မြင့် ဆေးရုံကြီးက အနားကပ်မိရုံနှင့် Baekhyunကို ရှိန်စေသည် ။
ဆေးရုံ ၊ ဆေးခန်း လူမစည်သင့်သည့် နေရာဆိုပေမယ့် ဟိုဟိုသည်သည် လှုပ်ရှားနေကြသည့် လူတွေက အများအပြား ။
ပုဂ္ဂလိက အဆင့်မြင့် ဆေးရုံဖြစ်သည်နှင့် လျော်ညီစွာ ဆေးရုံထဲ ဝင်သွားသည့် လူနာတွေက အစ ငွေရှိ ၊ ဂုဏ်ရှိ လူတန်းစားတွေမို့ အရှိန်အဝါ ကိုယ်စီနှင့် ။Chanyeolတစ်ခါတစ်လေ လိုက်ခဲ့ဖို့ ပြောပေမယ့် ဒီနေရာ ၊ ဒီအသိုင်းအဝိုင်းက Baekhyunနဲ့ ဘယ်လိုမှ မအပ်စပ်သည့် နေရာ ။
ဘာမှ တွယ်တာစရာ မရှိတော့သည့် Baekhyunဘဝကို ဆက်ထုံးရာရှိနေသည့် ကြိုးတစ်ကြောင်း တင်းကြပ်စွာ ချည်နှောင်ခဲ့ပြန်သည် ။
ကိုယ်တိုင်က ငြိတွယ်ချင်သူဖြစ်တာကြောင့် ရုန်းထွက်ဖို့ စိတ်ကူးသေးသေးလေးတောင် မရှိ ။
အဖုအထစ် ရှိခဲ့ပေမယ့် ပိုမိုခိုင်မြဲစေချင်သည် ။
တစ်သက်လုံးပဲ ချည်နှောင်ထားပါစေ ငြိုငြင်မိမည် မထင်။
အမည်တပ်ရန် ခက်ခဲနေသည့် ဆက်ဆံရေးတစ်ခုကို Baekhyunဘက်က ဖွင့်မမေးရဲ ။
ကိုယ်စိတ်ချမ်းသာဖို့ ကိုယ်တိုင် တွေးထားသည့် နေရာတစ်ခုက ကိုယ်ထင်သလို မဟုတ်ခဲ့ပါလျှင်...
ခံစားရမည့် သူက ကိုယ်တိုင်သာ ။
ဘယ်လိုပဲ ဖြစ်နေပါစေ Chanyeolအတွက် Baekhyunဆိုတာ အရုပ်တစ်ရုပ်သာ ။
ထားသည့် နေရာတွင် နေခဲ့ရပြီး ကိုယ်တိုင်လည်း ပြောင်းလဲရန် မတတ်နိုင်သည့် အရုပ်တစ်ရုပ် ။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...