"ဖြေနိုင်လား Baekhyun"စာမေးပွဲခန်းတွင်းမှ ထွက်ထွက်ချင်း JunMyeonက Baekhyunပုခုံးကို လှမ်းဖက်ရင်း မေးလာသည်။
"မရပါဘူးကွာ ။ ငါ စာ သေချာမကြည့်သွားမိဘူး ။ မင်းတော့ ဖြေနိုင်တယ်မလား ။ "
"အေး...မဆိုးပါဘူး ။ နောက်ဆုံး စာမေးပွဲ ကျန်သေးတယ် Baekhyun ။ စိတ်မညစ်နဲ့ ။"
"အေးပါကွာ ။ "
အခန်းအပြင်တွင် ထားခဲ့ရသော ကျောပိုးအိတ်တွေကို ယူပြီး နှစ်ယောက်သား ထွက်ခဲ့ကြသည်။
Baekhyunစာမေးပွဲခန်းထဲမှ ထွက်လာချိန်တွင် Chanyeolကတော့ စာဖြေနေဆဲ ။ စာဖြေချိန် တစ်ဝက်ပြည့်လျှင် အဖြေလွှာအပ်နေကျ Baekhyunတို့နှင့် မဆိုင် ၊ Chanyeolက ဖြေကောင်းနေဆဲဖြစ်သည်။"YiXingရော..."
"ဖြေနေတုန်းပဲ ။ နောက်ဆုံးစာမေးပွဲလည်း မဟုတ်ဘဲ လက်ညောင်းခံပြီး ဖြေနေကြတယ် ။ ငါတို့ မုန့်သွားစားကြမလား ။ "
"Chanyeolတို့ကို စောင့်လိုက်ပါဦး ။ လာ ...ဟိုခုံမှာ ထိုင်မယ် ။ "
Baekhyunတို့ စာမေးပွဲဖြေသည့် အခန်းနှင့် သိပ်မဝေးသည့် နေရာတွင် ရှိသော ခုံတန်းလေးတွင် ထိုင်ရန် သွားလိုက်သည်။
Baekhyunတို့နှင့် မျက်နှာချင်းမှ လာနေသော ငါးယောက်အဖွဲ့က ဆရာ ၊ ဆရာမများ ဘေးမဲ့ပေးထားရသော ကျောင်းရဲ့ အဆိုးအပေအုပ်စု။
တွေ့တဲ့သူတိုင်းကို ရန်စတတ်တာကြောင့် တော်တော်များများက ဝေးဝေးမှ ရှောင်ကြသည်။
အရင်က Chanyeolနှင့် အတူသွားနေတာကြောင့် Baekhyunတို့အဖွဲ့ကို ရန်မရှာရဲ။ ဘယ်လောက်ဆိုးဆိုး ကျောင်းဂုဏ်ဆောင် ကျောင်းသားကိုတော့ မထိရဲကြ။ ဒီလိုဆို ဆရာတွေကလည်း ခွင့်လွှတ်မှာ မဟုတ်ပေ။မတွေ့ချင်တာကြောင့် ရှောင်ကွင်းသွားကာမှ အစွန်မှ တစ်ယောက်က Baekhyunပုခုံးကို တမင်သက်သက် ဝင်တိုက်လေသည်။
"ဟေ့...မင်း လူကို မမြင်ဘူးလား ။ "
သူတို့ကပဲ ဝင်တိုက်ပြီး သူတို့ကပဲ ရန်စလာသည်။
"မင်းကို ပြောရမှာ ၊ မင်း ဝင်တိုက်တာလေ ။ "
"အာ...ယုန်ပေါက်လေးက စွာလိုက်တာ။ မင်းရဲ့နောက်မှာ ကပ်ပါနေကျ အကောင်ရော မတွေ့ပါလား ။ "
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...