10

597 133 33
                                    


"YiXing...မင်း.ဘာလို့..ငါ့ကို အနိုင်ကျင့်ရတာလဲ ။ "

မတုန်မလှုပ် အေးစက်စက် အကြည့်တွေပဲ ပြန်ရလိုက်သည်။
မုန်းစရာ အေးခဲနေသည့် အကြည့်တွေ ။
ပုံမှန်ဆို အတန်းထဲ မှောက်အိပ်နေတတ်သည့် တရုတ်ကောင် YiXingက အတန်းထဲက တစ်ခြား ဘယ်သူ့ကိုမှ အဖက်မလုပ်တတ်ပေမယ့် JunMyeonကိုတော့ မျက်စိအောက်က အပျောက်မခံဘဲ သူကိုယ်တိုင် နှောင့်ယှက်လွန်းသည်။
သူငယ်ချင်းတွေနဲ့လည်း အေးဆေးနေလို့ မရ။
အချင်းချင်း ရိုက်ပုတ် စ,နောက်နေပြီဆို တရုတ်ကောင်က မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေတတ်သည်။

အခုလည်း Baekhyunကို ပုခုံးဖက်ပြီး Baekhyunရဲ့ ဆံပင်တွေ ဖွကာ စ,နောက်နေသည်ကို ရုတ်တရတ် လက်ကို ဆောင့်ဆွဲခေါ်လာသည်။

"ဘာလို့လဲ ။ ဘာလို့ ငါ့ကို မင်းသဘောကျ ဆက်ဆံနေရတာလဲ ။ ငါက ဘာမှ ချို့ယွင်းနေတာ မရှိသလို ၊ အားနွဲ့တဲ့ သူ မဟုတ်ဘူး ။ ဘာလို့ ငါ့ကိုပဲလဲ ။ "

မျက်ရည်ကြည်တို့ ဝေ့သီနေသည့် မျက်လုံးလေးတွေက နီရဲကာ ဘယ်တုန်းကမှ မမြင်ဖူးခဲ့သည့် ဒေါသမျိုးနှင့် နှုတ်ခမ်းပါးလေးတွေက တဆတ်ဆတ်တုန်နေသည်။
တင်းတင်းဆုပ်ကာ ဘေးကပ်ထားသည့် လက်သီးဆုပ်လေးတွေလည်း တုန်ရီနေပုံအရ အတော် ဒေါသထွက်နေလား မသိ။
အနိမ့်အမြင့် မမှန်သည့် အသံနှင့် ချုပ်ထိန်း မရနိုင်သည့် ဒေါသတို့ကြောင့် မျက်ရည်တို့က ကျလာသည်။

"ငါ.."

အစောကပဲ ဖိကိုင်ခဲ့သည့် လက်ကောက်ဝတ်ကို လာကိုင်သဖြင့် နာကျင်မှုကြောင့် ရုန်းလိုက်သည်။

"ငါ့အနားမှာ ရှိစေချင်လို့ "

ပြောပြီး ကျောခိုင်းကာ ထွက်သွားသည့် ကျောပြင်ကို မြင်ကွင်းမှ ပျောက်ကွယ်ချိန်ထိ အံ့ဩတကြီး ကြည့်နေမိသည်။

သူငယ်ချင်း ဖြစ်ချင်ရင် ဖြစ်ချင်တယ် မပြောဘူး တရုတ်ကောင်ရယ် ။
လောဘကြီးလိုက်တာ ငါက သူ့တစ်ယောက်တည်းကိုပဲ ခင်ရမယ့် သဘော။

မုန်းစရာကောင်းအောင် အနိုင်ကျင့်ခဲ့ဖူးတာကြောင့် မမြင်မကြည် ဖြစ်မိသည်။
သို့ပေမယ့် အပေါင်းအသင်း မရှိဘဲ အမြဲတမ်း မှောက်အိပ်နေတတ်သည့် YiXingရဲ့ ပုံစံကို တွေးမိပြီး သနားသွားရသည်။

Meaningless(Z/U)Where stories live. Discover now