ခပ်ကြမ်းကြမ်း တိုက်ခတ်သွားသည့် လေပြင်းနောက်တွင် မိုးနံ့သဲ့သဲ့ ပါလာသည်။အေးစိမ့်စိမ့် ခံစားလာရတာကြောင့် မိုးရွာတော့မယ် ထင်ပါရဲ့ ။
ပြတင်းတံခါးတွေကို လိုက်ပိတ်ပြီး သိပ်မကြာ မိုးက တဝုန်းဝုန်း ရွာကျလာသည်။ အချိန်က နေ့လယ်ခင်းဖြစ်ပေမယ့် မိုးမှောင်တွေကြောင့် ကောင်းကင်က တိမ်မည်းတို့ ဖုံးလာပြီး မည်းမှောင်လာသည်။
မီးဖိုခန်းထဲတွင် နေ့လည်စာ စားထားသည်ကို သိမ်းဆည်းနေသော အဘွား ရှိရာ အောက်ထပ်ဆီ ဆင်းလာခဲ့သည်။မိုးရွာနေသည့် အေးစိမ့်နေသော ရာသီဥတုကို လုံးဝမကြိုက်။
လွမ်းဆွေးစေသည်။
ခံစားချက်တွေကို မှိုင်းညှို့စေသည်။
Chanyeolနှင့် ဆန့်ကျင်ဘက် Baekhyunကတော့ မိုးထဲ လေထဲ အတော်ကို ပျော်မွေ့သည်။
မိုးရွာတိုင်း မိုးရေကစားတတ်တာကြောင့် နှာစေးပြီး ဖျားပြန်လျှင်လည်း နှာသီးနီနီလေး ရှုံ့ရှုံ့ပြီး အမှတ်လည်း မရှိ။ထမင်းစား စားပွဲမှာ ထိုင်ရင်း အဘွားကို ကူစောင့်ပေးနေသည်။
အိမ်အပြင်ဘက် မိုးရွာနေသည်ကို လှမ်းကြည့်ရင်း မေမေ့တို့ကို သတိရနေမိသည်။အခုချိန် အလုပ်များနေမှာလား မေမေ ။
အထက်တန်း မြန်မြန်ပြီးချင်ပြီ ။
ဒီမှာ နေရတာထက် Seoulမှာပဲ နေချင်သည်။ အဖေ ၊ အမေ ရင်ငွေ့နှင့် တိုးတက်ပြီး ကိုယ့်ရည်မှန်းချက်ကို ပုံဖော်နိုင်မည့် နေရာ ။
အထက်တန်းပြီး Seoulကို ပြန်သည့်အခါ အဘွားနှင့် အဘိုးကိုပါ ခေါ်သွားရမည်။
အသက်ကြီးနေပြီဖြစ်သည့် အဘိုး၊ အဘွားတွေကို ခြံမစိုက်စေချင်တော့။
Seoulမှာပဲ အေးအေးဆေးဆေး ၊ သက်တောင့်သက်သာ နေစေမည်။ အဘွားတို့ ကျန်းမာရေးအတွက်လည်း စိတ်ချရသည်။ ဒီမှာဆို တစ်ခုခုဖြစ်လျှင် ဆေးရုံနှင့် အနည်းငယ် လှမ်းပြီး အဘွားတို့အတွက် အားကိုးစရာ ငယ်ငယ်ရွယ်ရွယ် ဘယ်သူမှ ရှိတာ မဟုတ်။"ဘွား...ဘိုးရော ။ "
ပန်းကန်ဆေးနေသည့် ဘွားကို မေးလိုက်သည် ။ Chanyeolကလည်း အိပ်ခန်းထဲတွင် နေပြီး စာလုပ်စရာ ရှိလျှင်လည်း စာလုပ် ၊ မဟုတ်လျှင်လည်း အခန်းထဲမှာပဲ နေတတ်တာကြောင့် ထမင်းစားချိန်လောက်ပဲ အဘိုးနှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...