24

585 138 16
                                    


" မင်း ဘယ်ချိန်ကတည်းက Seoulကို ရောက်နေတာလဲ Baekhyun "

ChenHyungရဲ့ ရုံးခန်းထဲတွင် Chanyeolမှတပါး ၊ JunMyeon ၊ YiXingနှင့် ChenHyungရဲ့အကြည့်တွေက Baekhyunထံတွင်သာ စုပုံနေသည်။
သိချင်စိတ် လွန်ကဲစွာ JunMyeon က မေးနေပေမယ့် Baekhyunရဲ့ အကြောင်းကို စိတ်ဝင်စားနေတာလည်း JunMyeonတစ်ယောက်ပဲ ထင်ရဲ့။
YiXingက အေးအေးသက်သာစွာ JunMyeonနည်းတူ Baekhyunကို ကြည့်နေပေမယ့် Chanyeolကတော့ အခုချိန်ထိ Baekhyunနှင့် မျက်လုံးချင်း စုံအောင်ပင် မကြည့် ။
အကြည့်တွေကို ဟိုသည် လွှဲကာ မသိဟန်ပြုနေသည်။

သူ မနှစ်သက်သည့် လူတစ်ယောက်အကြောင်းကို ဘယ်သိချင်ပါလိမ့်မလဲ။

အခု ဒီနေရာမှာ Baekhyunနဲ့ အတူရှိနေတယ်ဆိုတာကလည်း JunMyeonနဲ့ ChenHyungရဲ့ မျက်နှာကြောင့်သာ ဖြစ်ပါလိမ့်မည်။

"အထက်တန်းနောက်ဆုံးနှစ် စာမေးပွဲ ပြီးလို့ တစ်ပတ်လောက်အကြာမှာ ပြောင်းခဲ့တာ ။ "

"မင်းကျောင်းဆက်မတက်ဘူးလား ။ "

တခြားသူများက သက်တောင့်သက်သာ ရှိနေပေမယ့် Baekhyunအတွက်တော့ အလိုလိုနေရင်း ကိုယ်ကျုံ့စေသည်။
ညစ်ပေနေသည့် ခန္ဓာကြောင့် စိတ်မသန့်သည့် ခံစားချက်ကို ဖြစ်စေသည်။
သန့်ရှင်းသစ်လွင်နေသည့် အသုံးအဆောင်တွေက သူ့ကြောင့် ညစ်ပေသွားမည်ကို အားနာစိတ်ဝင်စေသည်။

"အင်း...မတက်ဖြစ်ဘူး ။ အထက်တန်း နောက်ဆုံးနှစ် ပြန်တက်ရမှာဆိုတော့ အချိန်တွေလည်း နှမြောတယ် ။ ငါလည်း တက်ချင်စိတ် မရှိတော့လို့ပါ ။ "

"ဘာလို့ အထက်တန်းလဲ ။ "

JunMyeonက မေးနေပေမယ့် Chanyeolသူနှင့် မသက်ဆိုင်သလို မျက်နှာခပ်လွှဲလွှဲ။

"ငါ နှစ်ဘာသာ မဖြေလိုက်ရဘူးလေ ။ "

အခုထိ ပြုံးပြီး ပြောပြနေနိုင်ပေမယ့် နောက်ဆက်လာမည့် အကြောင်းအရာက Baekhyunရင်ကို စူးနင့်စေသည်။

ဘွား ပြောခဲ့ဖူးတယ်လေ ။
'မြေးအတွက် ဘွားတစ်ယောက်တည်း ရှိလို့ ၊ မြေးကို စိတ်မချနိုင်လို့ အချိန်အကြာကြီး မြေးနဲ့ အတူနေမှာ "တဲ့ ။
ဘွားကို ကတိမတည်ဘူးလို့ အပြစ်မတင်ရက်ပါဘူး ဘွားရယ်။
ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ ။
အသက်အရွယ် ကြီးရင့်မှုနဲ့အတူ ထိခိုက်နာကျင်လွယ်ပြီး ပင်ပန်းစွာ ရှင်သန်ခဲ့ရမလား။

Meaningless(Z/U)Where stories live. Discover now