"Chanyeollie...မကြောက်နဲ့ သိလား ။ ကိုကိုက Chanyeollieကို ကာကွယ်ပေးမယ် ။ "ကျောင်းသွားရန် တက်ကြွနေသည့် ခြေလှမ်းတွေက Baekhyunကြောင့် တုံ့ဆိုင်းသွားရပြန်သည်။
လပိုင်းသာ ကွာသည့် ရွယ်တူကို သူကပဲ အသက်ပိုကြီးပြီး ပိုရင့်ကျက်သလို ပြောတတ်သည့် Baekhyunကြောင့် စိတ်ညစ်ရသည်။
ကျောင်းတက်သည်မှာ တစ်လခန့် ရှိနေပြီ ဖြစ်သော်လည်း ကျောင်းဖွင့်ရက်တိုင်း မပျက်မကွက် ပြောတတ်သည့် ထိုစကားကို Chanyeol တော်တော် မုန်းနေမိသည်။ကိုကို ကိုကို ။ ဘာကိုကိုလဲ ။ ဘယ်သူ့က သူ့ကို ကိုကိုလို့ ခေါ်မယ် ပြောလို့လဲ ။ ဘယ်သူကများ အကြီးလို့ သတ်မှတ်ထားလို့လဲ ။
စသိသည့် နေ့ကတည်းက ကိုကို ဆိုသည့် အသုံးအနှုန်းကို နှုတ်ဖျားက မချ။Chanyeol နာမည်ကို ခေါ်ပြီး စကားများတတ်လွန်းသည့် Baekhyunကြောင့် မေမေ ပေးထားသည့် နာမည်ကိုပင် မကြားချင်ရလောက်အောင် ဖြစ်ရသည်။
"Baekhyun...မင်း နဲ့ ငါက အသက်လည်း သိပ်ကွာတာ မဟုတ်ဘူး ။ မင်း ခန္ဓာကိုယ် သေးသေးလေးနဲ့ ကာကွယ်ပေးချင်သေးတာလား ။ ငါ့အရပ်ကို အရင်မှီအောင်လုပ် ။ စားသမျှက စကားပြောရင် လေထဲ ရောက်သွားတဲ့ ကောင် ။ "
"Chanyeollie ကလည်း ..."
မကျေနပ်သလို ခပ်စူးစူး ကြည့်ပြီး ရှေ့က ထွက်သွားသည့် Chanyeolနောက်ကို Baekhyun အမှီ ပြေးလိုက်ရသည်။
Chanyeolရဲ့ ခြေသလုံးဖောင်းတစ်တစ်လေးတွေက လမ်းလျှောက်လည်း အရမ်းမြန်သည်။
ဝဝကစ်ကစ် ချစ်စရာ Chanyeolလေးက သူ့ထက် ပိန်သွယ်သည့် Baekhyunထက် ပိုသွက်သည်။
ကိုယ့်ထက် ငယ်ပြီး အရပ်ပိုရှည်နေသည့် Chanyeolကြောင့် အရပ်ရှည်စေရန် ညတိုင်း မကြိုက်သည့် နွားနို့တွေကို အောင့်အည်း သည်းခံကာ သောက်ရသည်။ ဘွားကတော့ ကျေနပ်နေလေရဲ့ ။
ဘယ်တုန်းကမှ မသောက်ခဲ့သည့် နွားနို့ကို အခုတော့ Chanyeolကြောင့် ၊ ကိုယ့်ထက် ငယ်သည့် ကောင်လေးကို ကာကွယ်ပေးချင်တာကြောင့် ။"Chanyeollie...ကိုကို မောနေပြီ ။ "
Chanyeolရဲ့ ခြေလှမ်းကျဲကျဲတွေကို မှီဖို့ အပြေးလိုက်ရတာကြောင့် Baekhyunတစ်ယောက် ဟောဟဲ စိုက်နေသည်။
ကျောင်းလိုက်ပို့ပေးသည့် လူကြီး မရှိတာကြောင့် Chanyeolက နည်းနည်း ဆိုးချင်သည်။
ဘွားတို့ ကျောင်းလိုက်ပို့စဉ်က ' Chanyeollie ...ကိုကို့ကို စောင့်ဦး ' ဟု ဆိုလျှင် လူကြီးမျက်နှာကြောင့် အောင့်သက်သက် နာခံတတ်သေးသည်။
အခုတော့ Baekhyunကို ရှိတယ်ဟုပင် မထင် ။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...