ပုံမှန်ဆို Chanyeolထက် ပိုအားနည်းသည့် Baekhyunကို အတူသွားတိုင်း Chanyeolက စောင့်ခေါ်ရပေမယ့် အခုတော့ Baekhyunကပဲ တက်တက်ကြွကြွဖြင့် ရှေ့က ဦးဆောင်နေသည်။
လမ်းလျှောက်ရတာ အတော်အတန် ကြာလာတော့ စူးစမ်းချင်စိတ်ကြောင့် သွက်နေသော JunMyeonခြေလှမ်းတို့က သိသိသာသာ အရှိန်လျော့လာသည်။"မရောက်သေးဘူးလား Baekhyunရာ ။ ငါတော်တော် ညောင်းနေပြီ ။ မင်းတို့ခြံကလည်း ကျယ်လိုက်တာ ။ "
သွားနေရာမှ ရပ်လိုက်ပြီး ဒူးနှစ်ဖက်ပေါ် လက်ထောက်ကာ အမောဖြေရင်း ပြောလာသည့် JunMyeonကို ဂျိုကြည့် ကြည့်ပေးလိုက်သည်။
ခေါ်ချင်မှန်း မသိ၊ မခေါ်ချင်မှန်း မသိ၊ အလိုက်မသိဘဲ လိုက်လာတာက ဘယ်သူလဲ။
သူ့ကို ဘယ်သူကများ လိုက်ခဲ့ဖို့ ရိုက်နှက်ပြီး ခေါ်လို့လဲ။
Baekhyunတို့ ခြံက တော်တော်ကျယ်တာကြောင့် ခြံဝနှင့် အိမ်ကိုပင် အတော်လမ်းလျှောက်ရသေးသည်။
ယခုလို ခြံဝမှ ခြံအနောက်ဘက်ဆီသို့ အိမ်ကို ကွေ့ရှောင်ကာ သွားရတော့ JunMyeonတို့ ငြီးပြီပေါ့။
ဘွား ပြောပြ၍ Baekhyunတို့ ခြံက ၂ဧကလောက် ကျယ်သည်ဆိုပဲ။
မြေနေရာ အလစ်အလပ် မရှိ၊ ထောင့်စေ့အောင် စိုက်ပျိုးထားသော အပင်တို့ကြောင့် စိမ်းစို အေးမြကာ အရိပ်ရသည်။
နွေနေ့လည်တွင် နေပြောက်မကျအောင်ပင် အပင်အုပ်အုပ်တို့၏ အရွက်များက ထူထဲကျပ်ခဲနေသည်။"Chanyeollie...သရက်သီးမှည့် စားမလား ။ အပြန်ကျရင် ဘွားပတ်အတွက်ရော ထည့်ပေးလိုက်ဖို့ ဘွားကို ငါပြောလိုက်မယ် ။ "
JunMyeonကသာ ဟောဟဲစိုက်နေပေမယ့် Chanyeolကတော့ သက်တောင့်သက်သာ။
"JunMyeon...မင်းစားချင်ရင် အဲ့အပင်အောက်မှာ ကောက် ။ "
JunMyeonနှုတ်ခမ်းပါးလေးကို ထော်ပြီး မကျေမနပ် ရေရွတ်လိုက်သည်။
တကယ်ပါပဲ ။
ပေါ်တင် ဘက်လိုက်မှုကြီးက ။
Chanyeolအတွက်ကျ သေချာ သိမ်းထားသော အသီးကို အိမ်ကို ပေးလိုက်ဦးမည်တဲ့ ။
JunMyeonကိုတော့ အပင်အောက်မှာ ကြွေကျနေသည့် အသီးကိုသာ ကောက်ပါတဲ့။
ယုတ်ပဲ့လိုက်တဲ့ ဂျပုကောင်။နေရောင်တောင် မထိတွေ့သည်အထိ အရိပ်ကျနေပေမယ့် သွားရတာ ဝေးတော့ JunMyeonတစ်ယောက် ချွေးပြိုက်ပြိုက်ကျနေတော့သည်။
လေအဝေ့တွင် သင်းနေသော သရက်သီးမှည့်အနံ့လေး။
JunMyeonအပင်အောက်နားဆီ အပြေးသွားလိုက်မိသည်။
အပင်အောက်တွင် ရှင်းလင်းနေသော မြေပြင်ထက် လတ်တလော ကြွေကျထားသော အသီးမှည့်တချို့။
YOU ARE READING
Meaningless(Z/U)
Fanfictionအဓိပ္ပါယ် မရှိတာ မဟုတ်ဘူး Chanyeollie။ အဓိပ္ပါယ် သတ်မှတ်မထားတာ ။ ဘာသတ်မှတ်ချက်မှ မရှိဘဲ မင်း ဆိုတာကို ချစ်ခဲ့တာပါ။ ဝေးကွာသွားဖို့ အကြောင်းပြချက် ရှာစရာ မလိုပါဘူး ။ ဟိုးကတည်းကမှ ငါတို့ မနီးစပ်ခဲ့ကြပဲ။ ........(1.6.2020).......... အဓိပ္ပါယ် မရှိတာ မဟ...