🤍 6 🤍(Uni+Zawgyi)

1K 96 0
                                    

☀️ Episode 6 ☀️

Kao မျက်လုံးကိုပွတ်ကာ သေချာထပ်ကြည့်ပေမယ့် လက်ထဲမှာတကယ် လက်ကောက်လေးမရှိတော့ပေ။

"ခုနက ဘယ်သူလာသွားတာလဲမသိဘူး"

Kaoအခန်းထဲကထွက်ကာ အိမ်အောက်ကိုဆင်းလာတော့
တစ်အိမ်လုံးအိပ်နေပုံရသည်။ မီးဖိုခန်းတစ်ခုသာမီးလင်းနေသည်။

မီးဖိုခန်းထဲတွင် ROSE တစ်ယောက် အလုပ်ရှုပ်နေသည်

"မေမေ မအိပ်သေးဘူးလား"

"Kaoလေး တရေးနိုးလာတာလား မေမေ Kimchiသိပ်နေတာ မေမေက အိမ်အလုပ်လုပ်ဖို့ ဒီချိန်ပဲအားတာလေ အိမ်အကူအန်တီကြီးလည်း ရွာခဏပြန်သွားတယ် သားရဲ့"

"မေမေ ပင်ပန်းမှာပေါ့ Kaoလုပ်ပေးမယ်လေ"

"ရပါတယ် Kaoလေးရယ် အိပ်တော့လေ မနက်ကျောင်းသွားရမှာ မေမေမရှိတဲ့ချိန်တော့ ဘွားဘွားကိုကူပေါ့ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ မေမေ
ဒါနဲ့လေ Kaoမေးစရာရှိလို့"

"မေးလေ Kao"

"မေမေ သားအခန်းကိုလာသေးလားဟင်"

"တစ်ခါတော့လာတယ် အိပ်နေတာတွေ့လို့အခန်းထဲတောင်မဝင်တော့တာ ဘာဖြစ်လို့လဲ Kao"

"တစ်ယောက်ယောက်ကလာနှိုးလို့ နိုးလာတာ ကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး ပြီးတော့..."

"ပြီးတော့.....?"

"Kaoလုပ်ထားတဲ့လက်ကောက်လေးပါပျောက်သွားတယ်"

"အထားမှားတာဖြစ်မှာပေါ့ အိပ်မက်မက်နေတာနေမှာပါ သားလေးရယ် ကဲ သွား သွား အိပ်တော့နော်"

"ဟုတ် မေမေ Good night"

" အေးသားလေး Good night ပါ"

မေမေက အိပ်မက်လ်ု့ပြောပေမယ့် Kaoတော့တစ်မျိူးကြီးပဲ
Kaoစဉ်းစားရင်း အပေါ်တက်ခါနီး စာဖတ်ခန်းထဲကြည့်မိတော့ ဖေဖေ စာဖတ်ရင်း အိပ်ပျော်နေသည်။ဖေဖေက မေမေနဲ့ စကားသိပ်မပြောသလို ညဘက်ဆိုလည်း အမြဲစာဖတ်ခန်းထဲတွင်သာ အချိန်ကုန်လေ့ရှိသည်။ဖေဖေနဲ့မေမေက နည်းနည်းစိမ်းသလိုပဲရယ်....

Kaoဖေဖေ့နားသွားကာ စောင်ခြုံပေးရင်း ဖေဖေဖတ်လက်စစာအုပ်လေးကို ယူသိမ်းပေးလိုက်သည်
ထိုစဉ် စာအုပ်လေးထဲမှ စာရွက်လေးတစ်ရွက် ထွက်ကျလာသည်။

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now