🤍 21 🤍 (Unicode)

666 66 5
                                    

❣️Episode 21❣️

"ဒီလိုကျ Candyနဲ့ Kaoက အကို့ကိုမှမလိုဘဲရယ်"

"ဟင် ဘာလို့လဲအကိုရ"

" ကြည့်ပါအုန်း စာတွေက ဘာမေးမေးရနေပြီလေ နှစ်ယောက်လုံးက စာတွေတော်တော်ပိုင်နေကြတာပဲဟာ
​စာမေးပွဲအတွက် Readyတောင်ဖြစ်နေပြီ"

"ဟာ ဒါပေမယ့် အကိုကလည်း အကို့ရဲ့ ဘာကိုဘယ်လိုဖြေရတယ် ဘာညာ နည်းလမ်းလေးလိုချင်လို့ပါ နော် ဟုတ်တယ်မလား Kao ပြောလိုက်လေ"
Candyက Kinကိုဆက်သင်စေချင်၍ Kaoကို လက်တို့ကာ ဝင်ပြောခိုင်းသည်

"ဟုတ် ဟုတ်ပါတယ် Candyပြောသလိုပါပဲ"

" ဒါဆိုလည်း အကို့အထက်တန်းစာမေးပွဲအတွေ့ကြုံတွေပြောပြရတာပေါ့ ဒါပေမယ့် မပြောပြခင် အကိုတစ်ခုမေးချင်တယ်"

"ဟုတ် မေးပါ"

" ခုနက အကိုတို့ကို ရန်တွေ့နေတာ ဘယ်သူလဲ သူ့ကိုအရင်က ဒီအိမ်မှာမမြင်ဖူးပါဘူး ဘာလို့သူများအိမ်မှာလာပြီး ဗိုလ်ကျနေတာလဲ"

Kinက အဲ့လိုမေးလိုက်တော့ အကြောင်းသိသော Candyက မျက်နှာပျက်ကာ
"အကို ရှူး တိုးတိုး အဲ့တာ ဟို ဟို ဒီအိမ်ရဲ့ သားအရင်း"

Candyကတိုးတိုးကပ်ပြောသည်

"ဟင်..."
ဟုတ်ပါရဲ့ Kao က မွေးစားသားဆိုတာ အဘွား KateပြောဖူးတာကိုKinမေ့နေခဲ့တာပဲ
မေ့မှာပေါ့ အစ်မ Roseက Kaoကို သားအရင်းလို သိပ်ချစ်တာကိုပဲတွေ့နေရတာကိုး...

"ဟုတ်တယ် Candyပြောတဲ့အတိုင်းပါပဲ Kao က ဒီအိမ်ရဲ့ မွေးစားသားပါ...Kao ကို မေမေက မိဘမဲ့ကျောင်းကခေါ်လာတာပါ"လို့
Kaoက မျက်နှာငယ်လေးနှငိ့ဝင်ပြောသည်
Kaoက သူမွေးစားသားမှန်း Kin သိသွားတော့ သူ့ကို အထင်သေးသွားမှာ စိုးရိမ်နေတာကြောင့် အားငယ်စိတ်နဲ့ခေါင်းကိုငုံ့ထားမိသည်

ထိုအခါ Kinက ပြုံးကာ
"ဟုတ်လား အကိုလည်း မိဘမဲ့ကျောင်းတစ်ခုမှာနေခဲ့ဖူးတာပဲ"

Kaoက Kin ပြောလိုက်တဲ့စကားကြောင့် အားရှိသွားကာမျက်နှာကိုအောက်ငုံ့ထားရာမှ မော့ကြည့်လာသည်

"အကို့အမေက မိဘမဲ့ကျောင်းတွေမှာလုပ်အားပေးလုပ်နေကျ အဲ့အချိန်ဆိုအကိုက အဲ့ကျောင်းက ကလေးတွေနဲ့ပဲဆော့ရတာပေါ့၊ အကိုနဲ့ဆော့နေကျ ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောကိကို အကိုမှတ်မိသေးတယ်၊သူက အရမ်းလည်းကြောက်တတ်တာပဲ ၊သူနေတဲ့ မိဘမဲ့ကျောင်းနာမည်တော့မမှတ်မိတော့ဘူးရယ်"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now