🤍 31 🤍(Unicode)

623 69 23
                                    

💖Episode 31💖

"အစ်မ Roseကိုတွေ့မိလား"

"ဟင့်အင်း Roseက ဆေးရုံကနေခွင့်ယူထားတယ်Kinရဲ့"

"ဘာလို့တဲ့လဲအစ်မTak"

"အစ်မလည်းမသိဘူး ဖုန်းဆက်မေးကြည့်လိုက်လေ"

Kinစိတ်ထဲလေးနေပြီ...Kaoကိုလည်း မနေ့ကတစ်နေ့လုံးဖုန်းခေါ်မရသလို အစ်မ Roseလည်း မနေ့ကရော ဒီနေ့ရောဆေးရုံမလာပါ။ တစ်ခုခုများဖြစ်နေပြီလားလို့ စိတ်ပူလာတာကြောင့် အစ်မဆီဖုန်းခေါ်လိုက်သည်။

တကယ်တော့ Roseက တစ်မြို့လုံးမှာ Kaoသွားနိုင်တဲ့နေရာတွေအရင်လိုက်ရှာနေတာ ပြီးတော့ Kao နဲ့သိတဲ့သူငယ်ချင်းအိမ်တွေ... အမျိုးအဆွေအိမ်တွေမေးကြည့်ပေမယ့်လည်း Kao ကို ဘယ်နေရာမှာမှမတွေ့ဘူး တကယ်တော့ Roseကအရေးကြီးဆုံးလူတစ်ယောက်ကိုမေ့နေခဲ့တာပဲ အဲ့တာက Kinပေါ့...
ဟုတ်တယ် အရင်တစ်ခေါက်က Kaoပျောက်သွားတုန်းကလည်း Kinခေါ်ထားလို့ပြန်တွေ့ခဲ့တာပဲ Kinဆီမှာပဲနေမယ်လို့တွေးနေတုန်း...

"ကလင်...ကလင်ကလင်"
တိုက်တိုက်ဆိုင်ဆိုင် Kinဆီကဖုန်းမြည်လာတယ်။

"ဟဲလို Kin"

"အစ်မ ခွင့်ယူထားတယ်ဆိုလို့ ဘာများဖြစ်လို့လဲဟင်"

"Kaoလေ Kaoပျောက်နေလို့ အဲ့တာ Kinဆီမှာလား Kinဆီလာသေးလားဟင်"

"ဟမ် မလာဘူး အစ်မ
Kaoက အိမ်မှာမဟုတ်ဘူးလားဟင် ဖုန်းလည်းဆက်လို့မရဘူး"

"Kaoအိမ်ကထွက်သွားပြီ Kin ရဲ့"
Roseအသံကငိုသံပါနေမှနိး Kin သတိထားမိလိုက်သည်။

"ဘာလို့ထွက်သွားတာလဲဟင် ပြောသွားသေးလား"

" ဟင့်အင်း ဘာလို့ဆိုတာတော့မပြောဘူး ဒါပေမယ့် သေချာတာတော့ အကိုDeanတစ်ခုခုလုပ်လိုက်လို့ Kaoလေးထွကိသွားတာပဲနေမှာ"
Kinရင်ထဲ ထိတ်ခနဲ...
~~~~~~~~~~~~~~~~~~~~~~~~~~~
" ကလေးလေးတွေက ချစ်ဖို့ကောင်းလိုက်တာ စစ္စတာကြီးရယ်"

"ဟုတ်ပ သူတို့အတွက်ဆရာအသစ်ရောက်တယ်ဆိုလို့ ပျော်နေကြတာကြည့်ပါအုန်း သူတ်ို့က မေတ္တာငတ်နေတော့ သိပ်ကိုအဖော်လိုချင်တာ သူတို့ကိုဂရုစိုက်ပြီးချစ်ပေးရင်ကိုပျော်နေကြတာ"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now