❣️ Episode 35 ❣️~The Truth
"အဲ့တာ Kaoငယ်ငယ်က ပုံမဟုတ်လား
အကို့ဆီဘယ်လိုရောက်နေတာလဲ""ဘယ်ပုံကိုပြောတာလဲ"
"ဒီမှာလေ အကို့ဖိုင်ထဲက ထွက်ကျလာတာ Kaoလသားလေးတုန်းကပုံ"
Deanရုတ်တရတ် မတွေးမိဘဲ ကြောင်နေပြီးမှ တစ်စုံတစ်ခုကိုသတိရသွားသည်။
"အဲ့တာ Taiအခန်းထဲက ယူလာတာ Taiပုံမဟုတ်ဘူးလား လည်ပင်းမှာ Maiရဲ့ လက်စွပ်လေးကိုဆွဲထားတယ်လေ"အဲ့ကျမှ Roseသေချာကြည့်မိတော့ ဟုတ်ပါရဲ့ ကလေးလေးရဲ့လည်ပင်းမှာ လက်စွပ်လေးပါတဲ့ဆွဲကြိုးလေး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဒါKaoပုံပဲ...
Kaoလသားက ပုံတွေအများကြီးကို Roseမြင်ဖူးတာမို့ မမှားနိုင်..."ဒါပေမယ့် Roseသေချာတယ် ဒါKaoပုံပါ အကို"
Deanနည်းနည်းတော့ခေါင်းရှုပ်သွားသည်။
Kaoပုံဆို ဘာလို့ ဆွဲကြိုးပါတာလဲ...ဘာလို့ Taiအခန်းထဲရောက်နေရတာလဲပေါ့။Roseရုတ်တရတ် စကားတစ်ခွန်းကိုသတိရသွားသည်။
"Kaoရောက်လာတုန်းကလေ လည်ပင်းမှာဆွဲကြိုးလေးလားမသိဘူးပါလာတယ် Kaoဂေဟာကိုပထမဆုံးရောက်လာတဲ့နေ့က ဓာတ်ပုံရိုက်ထားတယ်" လို့ စစ္စတာကြီးပြောဖူးတာပဲ..."Roseအထင် တစ်ခုခုတော့မှားနေပြီထင်တယ်အကို
ဒါပေမယ့် ဒီကိစ္စရဲ့အဖြေကိုသိမယိ့ လူတစ်ယောက်တော့ရှိတယ်""ဘယ်သူလဲ"
"Kaoနဲ့ Taiတို့ရဲ့ မိဘမဲ့ဂေဟာမှူးပဲ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဒီနေ့တော်တော်ပျော်ခဲ့တယ်ဟုတ်""ဒါပေါ့ အကိုရဲ့ အပျော်ဆုံးပဲ အကိုအိပ်တော့နော်မနက်ဖြန် ကားစီးရဦးမှာ"
"အကို မပြန်ချင်တော့ဘူး"
"ဟာ အဲ့လိုတော့ မရဘူးလေ Kaoအကို့ဆီညတိုင်း ဖုန်းဆက်ပါ့မယ် နော်"
"ဒါမှ အကို့ကလေးလေး..."
"ဒါနဲ့လေ Kaoကို အကိုမမေးဘူးနော် ဟိုအိမ်ကြီးထဲမှာဘာဖြစ်ခဲ့လဲလို့"
ရုတ်တရတ် အိမ်ပျက်ကြီးအကြောင်း ပြောလာတဲ့ Kaoကြောင့် Kinအံ့ဩသွားသည်။
Kinမမေးဘူးဆိုတာက Kaoရဲ့အနာကိုဆွမိမှာစိုးလို့ရယ်ပါ။
ခုတော့ Kaoကိုယိတိုင်က ထုတ်ပြောတော့ ဒီကလေးအရင်ကထက် သတ္တိတွေရှိလာတာပဲလို့Kinတွေးမိသည်။
![](https://img.wattpad.com/cover/226820164-288-k23251.jpg)
YOU ARE READING
🦋B E L O V E D🦋 (မြတ်နိုးရပါသော🤍)
Fanfiction🧑🏻ငယ်စဉ်က စိတ်ဒဏ်ရာတွေကြောင့် Psychoဖြစ်ခဲ့ရတဲ့ Tewkao ဟာ ဘယ်သူမှမမြင်နိုင်တဲ့ သူတစ်ယောက်သာမြင်ရတဲ့ Dao ဆိုတဲ့ကောင်လေးကို ခင်တွယိနေမိပါတယ် တစ်နေ့မှာ Daoဟာ သူ့အနားကနေလုံးဝပျောက်ဆုံးသွားချိန်မှာ သူအနားကို ရောက်လာခဲ့တဲ့ Doctor Kin(Billkin) 👨⚕️ Daoန...