🤍 15 🤍(Zawgyi)

701 44 2
                                    

☀️Episode 15 ☀️

မနက် ၈နာရီ..... 🕰️

Kin မနေ့က တစ်နေ့လုံး Dutyရှိတဲ့အပြင် ညကတစ်ရေးမှမအိပ်ရသေး၍ ဒီနေ့မနက် Duty offမှ အဆောင်ကိုပြန်ကာ အဝအိပ်မည်ဟု အားတင်းထားသည်
Chalarmနဲ့ Wangက သူနဲ့ Dutyပြောင်းပြန် မနေ့က သူတို့တစ်နေကုန်နားသည်
Kinအဆောင်ကို ပြန်ရောက်တော့မထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက်က ကြိုရောက်နှင့်နေသည်

"ဟေ့ Kin ပြန်လာပြီလား ဒီမှာ ငါ့ညီမ ရောက်နေတယ် ငါတို့အတွက် မုန့်လာပို့တာတဲ့"

" အကို Kin ပြန်လာပြီလား"
Candyက မတ်တပ်ရပ်ကာ ပြုံးပြရင်း Kin ကိုနှုတ်ဆက်တာကြောင့်

Kinလည်း ပြန်ပြုံးပြကာ သူတို့နားတွင်ဝင်ထိုင်လိုက်သည်
"ဒါ Candy အမေ လုပ်ထားတာပါ"Candyက Kinကို မုနိ့တစ်ခုပေးရင်းပြောသည်

"ငါ့အဒေါ်လုပ်တဲ့ မုန့်တွေ အရမ်းကောင်းတယါကွ
နေပါအုန်း Candyနင်တစ်ခါမှ မုန့်ကိုယ်တိုင်မပို့ဖူးပါဘူးနော် ငါ့ဆီကို ဒါရိုက်ဘာနဲ့ပို့တာပါ ခုမှ ဘာစိတ်ကူးပေါက်တာလဲ မဟုတ်မှလွဲရော...."

Chalarmကပြုံးစိစိနဲ့ မေးတော့ Candyရှက်သွားကာ
"ဒီတိုငိး ကိုယ့်အကိုဆီလာလညိ ချင်လို့ပေါ့လို့ ဘာလဲ အကိုChalarmက မလာစေချင်ဘူးလား"

"ဟားဟား ငါသိပါတယိကွာ ဘယ်သူ့ဆီလာချင်လည်းဆိုတာ"
Chalarmက Kinကိုမေးငေါ့ပြတော့ Candyခေါင်းငူံ့ကာရယ်နေသည်
Kinကတော့ မုန့်စားရင်း Chalarm ပြောတာတွေကြားဟန်မတူ တစ်နေရာကိုငေးကာတွေးနေသည်

"ဟေ့ရောင် ဘာတွေငေးနေတာလဲကွ"Wangက အော်လိုက်မှ သတိဝင်လာသည်

"မင်းမနားရလို့ကြောင်တောင်တောင်ဖြစ်နေတာလား Kin"

"မဟုတ်ပါဘူးကွာ"
တကယ်တော့ Kin တွေးနေတာ Kaoအကြောင်းပါ
ဆေးရုံမှာ အစ်မRoseကို မြင်လည်း Kaoကိုသတိရတယ်
အခုCandyကိုမြင်လည်း Kaoကိုပဲ သတိရနေပြန်တယ်
ငါ ဘာဖြစ်နေတာလဲ...

"မကြောင်ဘူးဆိုရင် ငါတို့duty ဝင်ရဦးမယ် သွားတော့မယ် Candyနင်လည်း ပြန်တော့လေ" Chlarmက ထသွားရန်ပြင်ရင်းပြောသည်

" Candy အိမ်က ကားက စောင့်ရဦးမှာ အကို Chalarm"

"ဒါဆို Kinရေ ငါ့ညီမကိုဆက်ဧည့်ခံလိုက်ဦး ငါသွားပြီ"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now