🤍 16 🤍(Uni+Zawgyi)

1K 102 12
                                    

☀️ Episode 16 ☀️

Kinဒီနေ့ ဘာဖြစ်နေမှန်းမသိ... စိတ်တွေ လေးနေသည်
အလုပ်လုပ်ရတာလည်း စိတ်မပါ..
ပြီးတော့ Kinခေါင်းထဲမှာ မနေ့က အမေနဲ့ဖုန်းထဲမှာ ပြောခဲ့တဲ့စကားတွေပဲ ပြန်ပြန်တွေးနေမိတယ်...

"အမေလည်း အဲ့တုန်းက အဲ့ကလေး နာမည်မမှတ်ထားလိုက်မိဘူး Kinရယ်"တဲ့

လွန်ခဲ့တဲ့သုံးနှစ်လောက်က မိုးရေထဲမှာ ငိုနေတဲ့ကောင်လေးကို Kinမျက်နှာသေချာမမှတ်မိလိုက်တာကြောင့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိသည်...

ပြီးတော့ နောက်ထပ် အခဲမကျေသေးတဲ့ မေးခွန်းတစ်ခုက
"Daoနဲ့ ငါနဲ့ ဘာလို့အဲ့လောက်တူနေရတာလဲ"
ဒီမေးခွန်းရဲ့ အဖြေကတော့ Kaoမှာပဲရှိလောက်မယ်
ဒါကြောင့် Kinတစ်ယောက် ညနေ ဂျူတီပြီးတာနဲ့ Kaoရဲ့ကျောင်းဆင်းချိန်မှာ Kaoကို သွားစောင့်နေမိသည်

ကျောင်းသားတွေတော်တော်များများပြန်သွားကြသည်မို့ ကျောင်းကြီးပင်လူရှင်းနေပြီ...Kaoတစ်ယောက် ထွက်လာတာကိုတော့ Kinလုံးဝမတွေ့သေး..

ထိုစဉ် နောက်ဆုံးကျောင်းသူတစ်ယောက်ထွက်လာသည်
ထိုကျောင်းသူက အခြားသူမဟုတ်

"Candy..."

Kinရဲ့ခေါ်သံကြောင့် Candyမြင်သွားကာ ပြုံးပြပြီး
" အကို ဒီကို ဘာကိစ္စနဲ့..."

"အကို Kaoနဲ့ ပြောစရာလေးတွေရှိလို့"

"ဪ.. ဒါနဲ့ Kaoက ပြန်သွားပြီမလား"

"ဟင် ဟုတ်လား အကိုတော့ သူထွက်သွားတာမတွေ့လိုက်ပါဘူး"

" သူပြန်သွားလောက်ပါပြီ Candyတောင် libraryမှာ စာအုပ်အပ်နေလို့နောက်ကျနေတာ နောက်မှာ ဘယ်သူ့မှကျန်ခဲ့တာမတွေ့ပါဘူး"

"ဒါဆိုအကိုပဲ မျက်စိသျှမ်းသွားတာလား"

Kinစဉ်းစားနေတုန်း Candyက Kinနောက်မှာတစ်ခုခုတွေ့လိုက်ဟန်ဖြင့်
" အကို ဟိုမှာ Kaoအိမ်ကကားခုမှလာတာ"

"ဟင် ဒါဆို Kaoက အထဲမှာပဲရှိသေးတာပေါ့"

"ခဏလေး Candyဖုန်းဆက်ကြည့်လိုက်မယ်"

သို့သော် ဖုန်းက မကိုင်...

"အကိုရေ Candyဆက်တာ မကိုင်ဘူး"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now