🤍 38 🤍(Unicode+Zawgyi)

695 70 18
                                    

💔 Episode 38 💔

"တစ်ယောက်တည်း သေချာလား"

မျက်နှာဖုံးတွေနဲ့ ပြန်ပေးသမားတွေထဲက တစ်ယောက်က Deanကိုမေးလိုက်သည်။ မေးလိုက်တဲ့ သူရဲ့အသံကိုDeanတစ်ယောက်ရင်းနှီးသလိုခံစားနေရတယ်။

"အင်း တစ်ယောကိတည်းပဲ ငါ့သားဘယ်မှာလဲ"

"ပိုက်ဆံပါလား.."

"ပါတယ် ငါ့သားကို ငါ့ကိုအရင်ပေး"

"ဟာ နေပါအုန်း ခင်ဗျားကို ယုံရမှာလား ခဏလေး ခေါ်ပြမယ် ခင်ဗျားသားကို..."
လူဆိူးနှစ်ယောက်က Kaoကိုလက်ပြန်ကြိုးတုတ်လျက်ခေါ်ထုတ်လာသည်။

"သား..."

Kao ဖေဖေ့အသံကိုကြားရတာကြောင့် အားယူပြီး အသံလာရာမော့ကြည့်လိုက်မိသည်။
ဖေ​ေဖတကယ်လာတာပဲ...ပြီးတော့ Kaoတစ်ခါမှမမြင်ခဲ့ဖူးတဲ့ စိတ်ပူတဲ့မျက်လူံးတွေနဲ့ကြည့်နေတာ...

Kaoမျက်နှာလေးက ဖူးရောင်နေပြီး နှိပ်စက်ခံထားရမှန်းသိသာသည်။

"ငါ့သားကို ဘာလုပ်ထားကြတာလဲ ဟမ် တောက်!"

"ဒေါသမကြီးစမ်းပါနဲ့ ပိုက်ဆံသာအရင်ပေး"

"ရော့... ငါ့သားကို ပြန်ပေးတော့"

ပြန်ပေးသမားကခေါင်းဆောင်က ပိုက်ဆံကိုပြည့်မပြည့်ကြည့်ကာ...

"ကောင်းပြီ... ပြန်ခေါ်သွားတော့"
​လူဆိူးတွေက Kaoကို Deanဆီမပေးဘဲ ဂိုဒေါင်အနောက်ဘက်ကို ပြန်ဆွဲခေါ်သွားကြသည်။
ပြန်ပေးသမားခေါင်းဆောင်လည်း ပိုက်ဆံတွေကိုယူပြီး ထွက်ပြေးသွားသည်။

"ဘာ...ဘာလုပ်တာလဲ ဒါ"

နောက်ဆူံးTaiနဲ့ လူနှစ်ယောက်သူံးယောက်ကျန်ခဲ့သည်။

"ခင်ဗျားဒီစာချုပ်မှာပါ လက်မှတ်ထိုးပေးရမယ်"
စာချုပ်ပေါ်မှာရေးထားတာက ကုမ္ပဏီရှယ်ယာတွေအားလုံးကို သားဖြစ်သူ Taiကိုလွှဲပေးရမည် ဟုရေးထားသည်။

"ဪ လတ်စသတ်တော့ မင်းကိုး ငါတို့သဘောတူထားတာ ဒါမပါဘူးလေ..ပြီးတော့ မင်းက ငါ့သားမဟုတ်ဘူး"

"ဒါဆို ခင်ဗျားက ခုမှတွေ့ခွင့်ရတဲ့ သားအရင်းလေးကို အသေခံတော့မလို့လား ဟမ်"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now