🤍 9 🤍(Uni+Zawgyi)

844 92 9
                                    

☀️ Episode 9☀️

" သားလေး စကားလည်း မပြောပါလား မျက်နှာလည်းမကောင်းဘူးကွယ် ဘာဖြစ်လို့လဲ"

ဆေးရုံကနေ ထွက်လာကတည်းက စကားလည်းမပြောပဲ ဆူပုတ်နေသော Kaoလေးကို Roseက ကားမောင်းနေရင်း မေးလိုက်သည်။

"မေမေက ဘာလို့ ဟိုတစ်ယောက်ကို အဖွဲ့ထဲထည့်လိုက်တာလဲ"

"ဘယ်သူလဲ ဪ kinလား သူကသွက်သွက်လက်လက်နဲ့ ချစ်စရာလေး ပြီးတော့ တော်တယ်လို့ ကြားထားလို့ အမေက လက်ခံလိုက်တာပါသားရဲ့ ဘာလို့လဲ သားနဲ့သူနဲ့သိလို့လား"

" မ မဟုတ်ပါဘူး kaoဒီတိုင်းမေမေ့ဆီလာရင်း သူမျက်နှာပြောင်နေတာတွေ့လို့ အမြင်ကတ်လို့"

" ဟယ် သားလေးရယ် သူက ပျော်ပျော်နေတတ်တာပါကွယ်"

Roseတို့စကားပြောရင်းမောင်းလာကာ နေရာတစ်ခုရောကိတော့ ကားရပ်လိုက်သည်

"မေမေ ဒါ ဘယ်နေရာလဲဟင်"

" မေမေ့မိတ်ဆွေတစ်ယောက်နဲ့တွေ့စရာလေးရှိလို့ သားလေးရဲ့"

"ဒါဆို ကစားကွင်းက မသွားဖြစ်တော့တာလားဟင်"
Kaoက မျက်နှာငယ်လေးနဲ့မေးတော့

" ဒီကပြန်ရင်သွားမှာပေါ့သားရဲ့ လာ ခဏပဲတွေ့ရမှာ အဲ့ဦးဦးက သားကိုလည်းတွေ့ချင်နေတာ သူမေးတာတွေကို ကောင်းကောင်းဖြေနော်သားလေး"

" သူက ဘာလုပ်တဲ့သူလဲဟင်"

Roseက မျက်နှာပျက်သွားကာ
" သူ သူက ရင်ဖွင့်တာတွေ နားထောင်ပေးတဲ့သူ
ပြီးတော့ သူက လျှို့ဝှက်ချက်တွေကို သိမ်းထားပေးတယ်သားရဲ့secretတွေကို ရင်ဖွင့်လို့ရတယ်"

Roseခေါ်ရာကို Kaoလိုက်လာမိသည်
အိမ်ထဲရောက်တဲ့အခါ လူကြီးတစ်ယောက်က အသင့်စောင့်နေပြီး မေမေ့ကိုကြိုဆိုသည် Kaoကိုလည်း ပြုံးပြကာ လက်ယက်ခေါ်သည်
Kao မေမေ့ကိုကြည့်လိုက်တော့ မေမေက ခေါင်းငြိမ့်ပြတာမို့ ထိုလူကြီးနဲ့အတူ အခန်းထဲလိုက်သွားလိုက်သည်

မေမေဘာလို့ဒီကိုခေါ်လာမှန်းမသိပေမယ့် အခန်းထဲရောက်တဲ့အခါ Kao ခံစားချက်တစ်ခုကို ရလိုက်သည်

"နွေးထွေးမှု"

အခန်းက ရိုးရိုးရှင်းရှင်းလေး ပြတင်းပေါက်ကတစ်ခုတည်း ပေမယ့် ပိတ်ထားသည်
စိမ်းစိုနေတဲ့ သစ်တောပုံပန်းချီကားတွေပြီးတော့.....
စာအုပ်စင်တစ်ခုနှင့် စားပွဲခုံတစ်ခု ထို့နောက် ထိုင်ခုံနှစ်ခု သာရှိသည်
သို့သော် နွေးထွေးလုံခြုံမှုကို ခံစားလိုက်ရသည်

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now