🤍 40 🤍(Unicode+Zawgyi)

841 78 19
                                    

🥰Episode 40🥰

"Kin ကြည့်ရတာ တစ်ခုခုကိုမျှော်နေသလိုပဲ ဖုန်းကိုငုံ့ငုံ့ကြည့်နေတယ်"

"ဟေ့ရောင် Chalarmမင်းကလည်း ဒါလေးတောင်မသိဘူးလား ဒီနေ့ ဟိုကောင်လေး အောင်စာရင်းထွက်မှာလေ" Wangကပြောလိုက်မှ Chalarmလည်းသတိရသည်။

"ဟေ့ Kin ငါတို့လူနာဆက်ကြည့်ထားပေးမယ်
မင်းကြည့်ရတာ မသက်သာလိုက်တာ Kaoအိမ်လိုက်သွားလိုက်ပါ"

"မဟုတ်တာ မင်းတို့ငါ့အစားလုပ်ပေးရတာ များနေပြီ ရတယ် Kaoကသိရရင်ဖုန်းဆက်မှာ"

"ခုကျတော့ အားနာတတ်သားပဲ ငါတို့မှာ မင်းကိုစိတ်ပူနေတာ သိရဲ့လား ဟေ့ကောင်"
Wangနဲ့ Chalarmနှစ်ယောက်ပေါင်းကာ Kinကို လက်နဲ့သိုငိးပြီး မနာအောင်ရိုက်လေသည်။

"ချကွာ ငါတို့ကိုစိတ်ပူအောင်လုပ်တဲ့ကောင်"

"အ အ နာတယ်ကွ စိတ်ပူတယ်ပြောပြီး ဝိုင်းသတ်နေကြတယ်ဗျို့"
ဒီလိုနဲ့ အလုပ်သင်ဆရာဝန်လေးသုံးယောက်ဟာ အရင်တုန်းကလို နောက်လိုက်ပြောင်လိုက်နဲ့ အလုပ်တူတူလုပ်လိုက်နဲ့ ပျော်စရာကောင်းတဲ့အချိန်တွေဆီပြန်ရောက်လာခဲ့တာပေါ့...။ မုန့်တိုင်းရဲ့အဆုံးက လေပြေလို့ပြောရမလား...။
~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ဖက်မှာတော့ အောင်စာရင်းကိုသိသွားလို့ အရမ်းပျော်ပြီး အခန်းထဲကပြေးထွက်လာတဲ့ Kao...
အခန်းအဝမှာ ကြိုရပ်စောင့်နေတဲ့ လူတစ်ယောက်နဲ့တိုက်မိပြီး နောက်လန်ကျမလိုဖြစ်သွားသည်။

"ဘာတွေဒီလောက်ပျော်နေတာလဲ"

အရှေ့မှာရပ်နေတဲ့သူရဲ့ မျက်နှာက အရမ်းရင်းနှီးဖူးတဲ့မျက်နှာမို့ Kaoလန့်သွားပြီး နောက်တစ်လှမ်းဆုတ်မိသည်။

"အကို...Fong"

"ဟုတ်ပ မင်းရဲ့အကို"

"အ အကို ဘယ် တုန်းက ပြန်လာ.."

စကားတွေထစ်နေတဲ့Kaoကို အကိုFongကရယ်သည်။

"မင်းက ငါ့ကိုကြောက်နေတာလား ဟား ဟား"

"ဟို..."

"သားရယ် ကလေးကို ခြောက်မနေပါနဲ့"

Fongအနောက်က Kaoတစ်ခါမှမမြင်ဖူးတဲ့ အထက်တန်းကျကျဝတ်ဆင်ထားတဲ့အန်တီချောချောတစ်ယောက်ရောက်လာသည်။

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now