🤍 19 🤍(Uni+Zawgyi)

769 82 11
                                    

❣️ Episode 19 ❣️

" ဒါဆို နင်နဲ့ အဲ့ သားအရင်းဆိုတဲ့တစ်ယောက်က ငယ်ငယ်တည်းကသိတာပေါ့ ရေစက်ကလည်းနော်ထူးဆန်းလိုက်တာ" Candyတအံ့တဩနဲ့ kaoက်ို ပြန်မေးနေမိသည်

"အင်း အဲ့တာကြောင့် ငါအံ့ဩနေတာ"

" အန်ကယ် Deanက သူ့ကို သူ့သားအရင်းလို့ ဘယ်လိုသိတာလဲ"

"သူ့လည်ပင်းမှာဆွဲကြိုးတစ်ခုဆွဲထားလေ့ရှိတယ် အဲ့ဆွဲကြိုးမှာ လက်စွပ်လေးလည်းပါတယ် အဲ့လက်စွပ်က ဖေဖေရဲ့ အရင်က အမျိုးသမီးရဲ့လက်စွပ်တဲ့"

"အန်ကယ်က စုံစမ်းတာအရမ်းတော်တာပဲနော် နှစ်တွေပဲကြာနေပြီ သူ့သားက ဘယ်မိဘမဲ့ကျောင်းမှာရောက်နေတယ်ဆိုတာကိုသိနိုင်တဲ့ စကေးက မနည်းဘူး"

"အင်း ဟုတ်ပါရဲ့...ဟင်း အဲ့လိုတော်တဲ့ဖေဖေက Taiရဲ့ ဖေဖေဖြစ်နေတာတော့ ငါနည်းနည်းမနာလိုဖြစ်မိတယ်ဟ"
Kaoက မျက်နှာမကောင်းဘဲ အမှန်တိုင်းပြောရှာတော့ Candyစိတ်မကောင်းဖြစ်သွားသည်

"ကဲ ကဲ နင်ကလည်း စိတ်ညစ်စရာတွေမေ့ထားလိုက်တော့ ဒီနေ့က ငါ့မွေးနေ့ ပျော်ပျောိနေကြမယ်"

"ဟုတ်သားပဲ နင်ကျောင်းပြန်ရင် ဘာအစီစဉ်ရှိလဲ"

" အင်း ငါနင့်ကို မုန့်လိုက်ကျွေးမယ်
ပြီးတော့... အထူးဧညိ့သည်တစ်ယောက်လည်းဖိတ်ထားတယ်"

"ဟင် ဟုတ်လား ဘယ်သူလဲ"

"လာရင်သိမှာပေါ့ ဟင်းဟင်း"
Candyပြုံးစိစိလုပ်ကာ ပျော်နေပုံကိုကြည့်ပြီး Kaoရိပ်မိသလိုရှိလာသည်
"ဝိုး နင့်မှာကောင်လေးရှိနေပြီလား"

"ဟာ နင်ကလည်း ကောင်လေးမရှိသေးပါဘူး
အင်း... ဒါပေမယ့်.."

"ဒါပေမယ့်...??"

"ငါသူ့ကိုသဘောကျနေပြီထင်တယ်"

"ဟင် ဘယ်ချိန်တည်းကလည်း ငါ့ကိုခုမှပြောရလား"

"သိပ်မကြာသေးပါဘူးဟ"

"ဒါဆို ငါမလိုက်တော့ဘူး ငါ3rd wheelအဖြစ်မခံနိုင်ဘူးနော်"

"မဖြစ်ပါဘူးဟယ် ငါတို့က ဘာမှမှမဟုတ်သေးတာ
ပြောရင်းဆိုရငိး..ဟိုမှာလာနေပြီ"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now