🤍 8 🤍(Uni+Zawgyi)

931 100 16
                                    

☀️Episode 8☀️

လပြည့်ညတစ်ည..... ဆေးကျောင်းသားဆောင်တစ်ခုတွင်

Chalarm- "ဟေ့ရောင် Wang မင်းဘာတွေလုပ်နေတာလဲ တစ်ခန်းလုံးလည်း ပရုတ်ဆီနံတွေမွှန်ထူနေတာပဲ ခါးမှာလဲ ရေနွေးအိတ်ကြီးနဲ့"

Billkin(Bk) နဲ့ Chalarmတို့ ကြက်ကြော်ထုပ်ကိုယ်စီနှင့် အဆောင်သို့ပြန်လာစဉ် အဆောင်ထဲတွင်တစ်ယောက်ထဲ ကျန်ခဲ့သော Wangကတော့ အိပ်ရာပေါ်တွင် ညည်းညူလို့နေသည်

Wang-"ဟေ့ရောင်တွေမင်းတို့ ကြက်ကြော်သွားဝယ်ရင်း ကြက်များဖြစ်နေကြတာလားကွာ ကြာလိုက်တာ"

Chalarm-"စောင့်ရလို့ပါကွ မင်းကလည်း"
Chalarmက ကြက်ကြော်များကို ပန်းကန်ထဲထည့်ရင်းပြောသည်

Kinကတော့ ထုံးစံအတိုင်းပြုံးစိစိနှင့် Wang ခါးပေါ်တင်ထားသော ရေနွေးအိတ်ပေါ်တက်ထိုင်ကာစနောက်လေသည်
"မင်း ဓမ္မတာလာနေတာလို့လား ဟားဟား"

Wang-"ဟေ့ရောင် Kin မင်းကလည်း ပေါက်ကရပြောဖို့က ထိပ်ဆုံးပဲ ငါဒီနေ့ Operationတစ်ခုမှာ အကြာကြီးရပ်ကြည့်ခဲ့ရတာကွ"

Kin-"ငါတို့လည်း အဲ့လ်ုပဲဟာကို စီနီယာတွေခွဲရင် ဘေးက ရပ်ပြီး သင်ရတာပဲလေ ဟုတ်တယ်ဟုတ် Chalarm မင်းနဲ့ငါ ဒီနေ့ ၅နာရီလောက်ရပ်ခဲ့ရတာပဲမလား"

Wang-"ဒါပေမယ့် ငါဒီနေ့ဝင်ရတဲ့ Operationက ၇နာရီလောက်ကြာတယ်ကွ"

Chalarm-"အေးပါကွာ ငါတို့က အစမို့မခံနိုင်ဖြစ်နေတာ  ဒါအပျော့ပဲရှိသေးတယ် အချို့ခွဲစိတ်မှုတွေဆို ၁၀နာရီတို့ တစ်နေကုန်ရပ်ခွဲရတာတို့ရှိတယ်ကွ"

Kin-အေးလေ ဒါနဲ့များ Wangမင်းက OGဖြစ်ချင်သေး တစ်နေကုန်ကလေးတွေဆက်တိုက်မွေးပေးရမှာနော်"

Wang- "ဟာ ထိုင်မွေးမှာပေါ့ကွ ခုံလေးနဲ့"

Kin- "ရရင်တော့ မွေးပေါ့ကွာ ဟားဟား"

Chalarm-" Wangမင်းအဆင်ပြေရဲ့လား မနက်ဖြန် ငါတို့ Emergency ဌာနမှာစဆင်းရတော့မှာ အဲ့မှာဆို ပြေးလွှားနေရမှာထိုင်ဖို့တောင် အချိန်ရှိမှာမဟုတ်ဘူး"

Kin- "အေးလေ"

Wang- " ငါ ကျင့်သားရသွားမှာပါကွာ"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now