🤍 29 🤍(Unicode)

585 60 12
                                    

💕 Episode 29 💕

Candyငိုလို့ဝသွားတော့ Kaoတို့အိမ်မှပြန်သွားသည်။
Kaoကိုလည်း Candyဘာစကားမှထပ်မပြောသွားပါ Kaoလည်းချော့ဖို့ကြိုးစားပေမယ့်လည်း မအောင်မြင်ခဲ့...
ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရမှာတော့မဟုတ်ပါဘူးနော်
...Kaoတစ်ညလုံးစိတ်တွေအရမ်းရှုပ်ထွေးနေမိတယ်။

" ဟဲလို...ကျွန်တော် TewKao ရဲ့ အားနည်းချက်တစ်ခုကိုသိထားတယ်၊ ဒီတစ်ခါတော့ ကျွန်တော်တို့အကြံအောင်မြင်မယ်ထင်တယ် ဟဲ"

ဟိုဘက်ခန်းက ဖုန်းပြောသံခပ်တိုးတိုးကိုတော့ ကံဆိုးစွာပဲ Kaoမကြားလိုက်မိပါ...
~~~~~~~~~~~~~~~~~~~~~~~~~~
"ဘယ်လိုလဲ Kao ရဲ့ Uncleကို အရင်ကလို အကိုDaoကိုရှာပေးပါလို့မပူဆာတော့ပါလား"

Kaoရဲ့ စိတ်ရောဂါကိုကုသပေးနေတဲ့ Dr.Jamesနဲ့ နောက်တစ်ခါတွေ့ဖြစ်တော့ ဒေါက်တာက မေးလိုက်ခြင်းဖြစ်သည်။

"ကျွန်တော်အခုအမှန်တရားကို ရှာတွေ့သွားပါပြီ Uncle"

Jamesက ဝမ်းသာအားရဖြင့်
" ဒါဖြင့် Kaoရဲ့ စိတ်အခြေအနေတကယ်တိုးတက်လာတာပေါ့ အိပ်မက်တွေလည်းမမက်တော့ဘူးမလား"

" အိပ်မက်မမက်တော့ပေမယိ့..."

"အင်း"

" အိပ်မက်ထဲမှာမပါတဲ့ မှတ်ဉာဏ်တွေပြန်မှတ်မိလာတယ် Uncle"

Kao က Jamesကိ​ု ယုံကြည်တာကြောင့် ပေါ်လာတဲ့ အကိုKinအဖေနဲ့ပတ်သက်သမျှမှတ်ဉာဏ်တွေကိုပြောပြလိုက်သည်။
"သေချာမြင်တာလား Kaoရယ် စိတ်စွဲတာရော မဖြစ်နိုင်ဘူးလား"

"အစက ကျွန်တော်လည်း ကိုယ့်ကိုယ်ကို မသေချာဘူး ဒါပေမယ့် အဲ့သေသွားတဲ့ရဲရဲ့ သားကိုယ်တ်ိုင်ပြောပြချက်တွေက အိပ်မက်နဲ့တစ်ထပ်တည်းကျနေတယ်"

" ဒါဆိုဖြစ်နိုင်ပါတယ် ဒါပေမယ့် ဒီမှတ်ဉာဏ်တွေကသာ အမှန်ဆို Kaoအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်"

"ဒါကြောင့် လျှို့ဝှက်ပေးထားပါနော် Uncle မေမေ့ကိုတောင်လောလောဆယ်မပြောပါနဲ့ဦး"

"ဒါပေါ့Uncleကို ယုံကြည်လို့ပြောတဲ့စကားကို Uncleထိန်းသိမ်းပေးရမှာပေါ့ စိတ်ချပါ"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now