🤍 23 🤍(Unicode)

635 85 10
                                    

💔 Episode 23 💔

ကားကရပ်သွားပြီလို့ Kaoထင်တယ်
ဘယ်နေရာရောက်နေလဲတော့ Kaoဘယ်လိုမှ စဉ်းစားမရ...မြင်လည်းမမြင်ရ....
ထိုလူတွေက Kaoလက်တွေကိုနောက်မှာထားပြီး ကြိုးနဲ့တူပ်နေကြတယ်

မျက်နှာမှာအုပ်ထားတဲ့အဝတ်ကြောင့် Kaoအသက်ရှူရကျပ်လာတယ်...
ခဏကြာတော့ သူတို့ကားထဲက ထွက်သွားသံကြားလိုက်ရတယ်

ဘာလဲ Kaoကို ကားထဲမှာ ဒီတိုငိးပဲထားခဲ့ကြတော့မှာလား...
စာမေးပွဲကရော.....
မဖြေရတော့ဘူးလား....ဟင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Chalarm ဒီနေ့ မင်းကို အကူညီတောင်းချင်လို့"

"ဘာတောင်းမို့လဲ"

"ဒီနေ့ ဂျူတီငါ့အစားတစ်ရက်ဝင်ပေးပါလား ငါနောက်နေ့တွေမင်းအတွက်ပြန်ဝင်ပေးပါ့မယ်ကွာ နော်"

"အေးပါ ရပါတယ်ကွ ဘာလို့လဲ မင်းနေမကောင်းလို့လား မင်းကြည့်ရတာ ဖြူဖပ်ဖြူရော်နဲ့"

"မဟုတ်ပါဘူးကွာ ငါအရေးတကြီးသွားစရာရှိလို့ပါ တောင်းဆိုပါတယ်သူငယ်ချင်းရာ"

"အေးပါ စိတ်ချ သွားသာသွား ဒါပေမယ့် မင်းကို ငါကြည့်ရတာ အားမရဘူး မှန်းစမ်း"
Chalarmက Kinနဖူးကို လှမ်းစမ်းလိုက်တော့
"ဟာ ကိုယ်တွေပူနေတယ်ကွ မင်းက ခုတလောအိပ်ရေးတွေပျက်တာကိုး"

"ထားလိုက်ပါ ငါအဆင်ပြေတယ် သွားပြီနော် မင်းကိုစိတ်ချမယ်..."

Kinက တိုင်မှာချိတ်ထားတဲ့ ဂျာကင်လေးကို ယူဝတ်ကာ ဆိုင်ကယ်ပေါ်တက်လိုက်သည်။

"ဟေ့ကောင် ဆေးလေးသောက်သွားဦးလေ"

"ပြန်လာရင်သောက်မယ်အခုအရေးကြီးလို့"
ဆိုင်ကယ်ကို အမြန်မောင်းထွက်သွားတဲ့ Kinကိုကြည့်ရင်း
Chalarmသက်ပြင်းချမိသည်။

"ဒီကောင်သိပ်ပြောရခက်တာပဲ"
~~~~~~~~~~~~~~~~~~~~~~~
"သူ့ကို မလွတ်စေနဲ့ ဒဏ်ရာလည်းမရစေနဲ့ နောက်သုံးနာရီမှ လွှတ်ပေးလိုက်..."
ဖုန်းထဲက အမိန့်တစ်ခုကို ပြန်ပေးသမားတစ်ယောက်က လက်ခံလိုက်သည်။

"ဟုတ်ကဲ့ပါ"

"ဟေ့ကောင်တွေ နောက်သုံးနာရီထိ ဒီမှာစောင့်နေ ငါ ဟိုဘက်အခြေအနေသွားကြည့်လိုက်မယ်.."
ပြန်ပေးသမားခေါင်းဆောင်က  နောက်တစ်ယောက်ကိုအမိနိ့ပေးတာကို Kaoကြားလိုက်ရသည်။

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now