🤍 39 🤍(Unicode+Zawgyi)

749 69 18
                                    

Episode 39 🤍🌸

အဖြူရောင်ပန်းတွေအပြည့်ပွင့်နေတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာ ပင်စည်ကိုမှီပြီးထိုင်နေတဲ့ကောင်လေးတစ်ယောက်ရယ်...

သူရဲ့ ပေါင်ပေါ်မှာ ခေါင်းလေးအုံးပြီး သစ်ပင်ပေါ်ကတဖွဲဖွဲကြွေကျနေတဲ့ ပန်းပွင့်ဖြူလေးတွေကို လက်နဲ့ဖမ်းကာ ဆော့ကစားနေတဲ့ ကောင်လေးတစ်ယောက်ရယ်...

ပေါင်ပေါ်မှာပက်လက်အိပ်နေတဲ့ ကောင်လေးရဲ့ ဆံပင်လေးတွေကို Kinက လက်ကလေးနဲ့ထိုးဆွကာ ဆော့ကစားနေတယ် သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာမှာအပြုံးတွေကိုယ်စီနဲ့...

"Kao ပျော်လားဟင်"

Kao ပန်းတွေနဲ့ဆော့နေရာက အကို့ကို မျက်လုံးလေးလှန်ကြည့်ကာ ပြုံးပြလိုက်သည်။

"ပျော်တာပေါ့ ဒီနေရာလေးက အေးချမ်းတယ် Kaoတို့အတွက် သီးသန့်ကမ္ဘာလေးလိုပဲ...ဘာအမုန်းတွေ ရန်ငြိုးတွေ အနိုင်ကျင့်မှုတွေမှမရှိဘူး"

"Kaoမိဘတွေကိုရော မလွမ်းဘူးလား"

"လွမ်းတော့လွမ်းတာပေါ့ ဒါပေမယ့် Kaoကသူတို့အတွက်ဝန်ထုပ်ဖြစ်စေခဲ့တာလေ အခုတော့ သူတို့အများကြီးပေါ့ပါးသွားမှာ"

"အဲ့လိုမပြောရဘူးလေ Kao ရဲ့ Kaoက အချစ်ခံသင့်တဲ့လူသားလေးပါ ဘာဝန်ထုပ်ဝန်ပိုးမှမဟုတ်ဘူး"

"အကိုကရော Kao ကို ချစ်လို့ Kaoဆီလိုက်လာတာလားဟင်"

"ဒါပေါ့ Kaoဘေးနားမှာနေပြီး အတိုးချချစ်ပေးမလို့"

"တကယ်နော် အကိုကပါKaoနားက ထွက်မသွားရဘူးနော်"

"စိတ်ချ ဘဝဆက်တိုင်း အနားမှာ ရှိနေပေးမှာ"

အကို့စကားကြောင့် Kaoဝမ်းသာသွားကာ အိပ်နေရာက ထလိုက်ပြီး လက်သန်းလေးထောင်ကာ ကတိလုပ်ရန် အကို့ဘက်ကို လှည့်လိုက်သည်။

"ကတိ...ဟင်...အကို ဘယ်ရောက်သွားတာလဲ"

ခုနကလေးတင်ထိုင်နေတဲ့အကိုက Kaoနားမှာမရှိတော့...
သစ်ပင်ကြီးအောက်မှာ Kaoတစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။

"အကို...အကို ဘယ်မှာလဲ ဘယ်ရောကိသွားတာလဲဟင် Kaoနားမှာ နေမယ်ဆို အကို...အကိုရေ"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now