🤍 13 🤍(Uni+Zawgyi)

826 93 9
                                    

☀️Episode 13 ☀️

"ကူညီပေးပါနော် Kin ဒီတစ်ညပဲ အဆောင်ကိုချော့ခေါ်သွားပါနော်"

"ဗျာ ဟုတ် ဟုတ်ကဲ့ စိတ်ချပါ ဒါပဲနော်အစ်မ
Kaoလာနေပြီ"

Kao အအေးဘူးကိုင်ကာ ထွက်လာသည်မို့ ဖုန်းကိုအမြန်ချလိုက်ရသည်

အအေးဘူးကို စားပွဲပေါ်ခွက်ကနဲ မြည်အောင်ချကာ ထိုင်ခုံတွင်ပြန်ထိုင်နေသော Kao ကို Kinမသိမသာခိုးကြည့်တော့
Kaoက လက်ပိုက်ထားကာ ဆူပုတ်နေပြီး မျက်နှာကို ဟိုဘက်လှည့်ထားသည်
"ချာတိတ် မင်းမျက်နှာကို အမြဲအဲ့လို ဆူပုတ်နေဖို့မလိုပါဘူးကွာ"

" ဆူပုတ်နေတော့ဘာဖြစ်လဲ ကျွန်တော်မှ ခင်ဗျားလို တစ်ချိန်လုံးဟာသတွေပြောပြီး ရယ်နေတဲ့ပုံစံကိုမှမကြိုက်တာ"

"ဟားဟား ဟုတ်ပါပြီ"

ခဏနေတော့ ပတ်ဝန်းကျင်ကရုတ်တရတ်တိတ်ဆိတ်သွားသည်
Kinကလည်း စကားတွေများမနေတော​့ ရယ်သံလည်းမကြားရတော့တာကြောင့် မျက်နှာဟိုဘက်လှည့်ထားတဲ့Kaoက Kinဘာလို့အဲ့လောက်တိတ်ဆိတ်သွားတာလဲ သိချင်လာသည်

ထို့ကြောင့် ဒီဘက်အလှည့်
ပြုံးစိစိနဲ့တမင်ငြိမ်ချင်ယောင်ဆောင်နေတဲ့Kinကိုတွေ့လိုက်ရသည်
Kinက Kaoကို လက်ညှိုးထိုးကာ အားပါးတရရယ်ပြန်သညိ

"တွေ့လား ချာတိတ်က ကိုယ်ငြိမ်နေတော့လည်း မနေနိုင်ဘဲ လှည့်ကြည့်တာပဲမလားဟားဟား"

Kaoရှကိလည်း ရှက်သွားကာ ရယ်ချင်လာတာကြောင့် ပြုံးမိသွားသည်
"တွေ့လား Kaoပြုံးရင် ဘယ်လောက်လှလဲ အဲ့လိုပြုံးနေစမ်းပါ အမြဲဆူပုတ်နေတာပဲ"
Kinက Kaoပါးကို လိမ်ဆွဲကာ ရယ်နေရင်းပြောသည်

"ဒါဆိုခင်ဗျားကကော တည်တည်လေးမနေနိုင်ဘူးလားဗျာ"

"ဒါ အကို့စတိုင်ပဲလေ ဟဲဟဲ"

"တော်ပြီ စားပြီးပြီဆို ကျွန်တော်သွားရတော့မယ် မြန်မြန်ပေးတော့"

"ဘာပေးရမှာတုန်း"

"ခင်ဗျားနော် အရူးကွက်မနင်းနဲ့ ပိုက်ဆံချေးမယ်ဆိုလို့လိုက်လာတာလေ ဟွန်း"

" ဪ Okay Okay အကိုပေးမယ် ဒါပေမယ့် အချိန်ကိုကြည့်ပါအုန်း Kao သွားမှာကို အကိုမတားပါဘူး ဒါပေမယ့် မနက်မှအေးဆေးသွားပေါ့ ဒီည အကိုတို့အဆောင်မှာပဲ ညအိပ်လိုက်ပါလား"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now