🤍 33 🤍(Unicode)

653 69 27
                                    

❣️ Episode 33 ❣️~The Confession✨

"သားရယ် ဘာလို့မေမေ့ကိုမပြောဘဲ ထွက်သွားရတာလဲဟင်"

"မေမေသားကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေခဲ့တာ သားမကြည့်ရက်တော့လို့ပါ"

" ဝန်ထုပ်ဝန်ပိုးဖြစ်မယ်ဆို ဘာလို့မွေးစားခဲ့မှာလဲသားရယ် သားကိုခေါ်လာတဲ့အချိန်ကစပြီး ခုချိန်ထိတစ်ခါမှ ဝန်ထုပ်ဝန်ပိုးလို့မခံစားခဲ့ဖူးပါဘူးကွယ် သားလေးကို ဂရုမစိုက်နိုင်လို့ မေမေ့ကိုမချစ်တော့ဘူးလားဟင်"

"ဟင့်အင်း သားမေမေ့ကို အရမ်းချစ်ပါတယ်"

" ဒါဆို ပြန်လိုက်ခဲ့ပါနော်"

"ဖေဖေကရော ဖေဖေသားကိုစိတ်ဆိုးနေတုန်းပဲလေ သားမလိုက်ရဲပါဘူး"

ဟုတ်တော့ဟုတ်သည်။ Roseကိုယ်တိုင်လည်း Deanကိုမလွန်ဆန်နိုင်တာကြောင့် Kaoကိုခေါ်လာရင် Roseကိုပါ စိတ်ဆိုးမှာသေချာသည်။

"သား ဒီမှာ ခဏတော့နေပါရစေနော် ဒီနေရာလေးမှာ သားပျော်တယ် အေးချမ်းတယ်လို့ခံစားရတယ်"

"အေးပါ သားရယ် ဒါဆိုလဲ မေမေ အကို Deanကို နားချလိုက်မယ်၊ သူစိတ်ပြေတာနဲ့ ပြန်လာခေါ်မယ်နော် သားလေး"

"ဟုတ်ကဲ့ပါ မေမေ"

"ကဲ သားလေး Kinနဲ့စကားပြောချင်ပြောဦး မေမေ မပြန်ခင် စစ္စတာကြီးနဲ့စကားပြောဦးမယ်"

"ဟုတ် မေမေ"
Roseက စစ္စတာMayရဲ့ရုံးခန်းထဲ ဝင်သွားသည်။

"အကိုKinတစ်ယောက် ဘယ်များရောက်နေပါလိမ့်"
Kao အကို့ကို ဧည့်ခန်းထဲမှာလည်းမတွေ့တာကြောင့် ဂေဟာ ခြံဝန်းလေးထဲထွက်လာလိုက်သည်။

"ဪ အကိုက ဒီမှာပဲ"
ခြံဝန်းကျယိကြီးထဲမှာ ကလေးတွေကစားဖို့ ဒန်းတွေလျှောတွေထားတဲ့ ပန်းခြံလေးတစ်ခုရှိသည်။ ပန်းခြံလေးထဲက ဒန်းလေးတစ်ခုပေါ်မှာ အကိုက ကျောပေးပြီးထိုင်နေသည်။

အကို့ ကို စချင်တာကြောင့် နောက်ကနေတိတ်တိတ်လေးသွားပြီး အကို့ရဲ့ မျက်လူံးတွေကို နောက်ကနေ လက်နှစ်ဖက်နဲ့ အသာလေးအုပ်ထားလိုက်သည်။
အကိုက အံ့​ဩသွားပုံရသည်။

"ဟာ ဘယ်သူလဲ"

Kaoက တိတ်တိတ်လေးကြိတ်ရယ်နေသည်။

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now