🤍 27 🤍(zawgyi)

331 22 4
                                    

🌸 Episode 27 🌸

လရောင်အောက်က ခုံတန်းလျားလေးမှာ Kinနဲ့ Kaoနှစ်ယောက်တည်း...
Kaoမျက်နှာကို အနီးကပ်ကြည့်နေမိရင်း Kinမနေနိုင်တော့ဘဲ ရှေ့တိုးမိသည်။ Kinကမ္ဘာကြီးရပ်တန့်သွားသလို Kinမြင်ကွင်းထဲမှာလည်း Kaoတစ်ယောက်ပဲရှိတော့တယ်...Kinဘာမှမမြင်နိုင်တော့ဘဲ ဆွဲဆောင်နေတဲ့ နှုတ်ခမ်ပါးလေးဆီ တဖြည်းဖြည်းတိုးလာရင်း Kaoမျက်နှာလေးကို လက်နဲ့ဆွဲယူလိုက်သည်။
Kaoကတော့ မျက်လုံးတွေမှိတ်ထားလိုက်တာကို Kinတွေ့လိုက်တယ်။
မျက်နှာနှစ်ခုကိုနီးကပ်လိုက်ပြီး...နှုတ်ခမ်းနှစ်ခုကိုထပ်တူကျဖို့ Kinနည်းနည်းရှေ့ပိုတိုးလိုက်တဲ့အခါ...

"....🎵...🎶...."
(Phone ringtone...)

အသံတစ်ခုကြောငိ့ Kin အသိပြန်ဝင်လာသည်။
အသံလာရာကြည့်မိတော့ Kinရဲ့ဖုန်းဆီကပင်...

Kaoကမျက်လုံးမှိတ်ထားရာမှဖွင့်ကာ ဟိုဘက်လှည့်ပြီး ခေါင်းငုံ့ထားသည်။

"ကိုင်လိုက်လေ အကို.."

"ဟို..."

မတတ်နိုင်ဘဲ အဆက်မပြတ်မြည်နေတဲ့ ဖုန်းကို Kin စိတ်ပေါက်ပေါက်နဲ့ကိုင်လိုက်မိသည်။
"ဟဲလ်ု"

"..."

"ဪ အိမ်ကကားလာကြိုပြီလား ဒါဆို အကိုလိုက်မပို့တော့ဘူးနော် တာ့တာ"

ဖုန်းချပြီး Kaoကိုကြည့်လိုက်တော့ ခေါင်းငုံ့ထားတုန်း...
ရှက်နေတာများလား..
Kin ခေါင်းကုတ်ကာ
"ဟိုလေ အကိုတို့ခုနက ဘာပြောနေကြတာလဲ ဆက်ပြောကြမယ်လေ"
Kinလည်း အယောင်ယောင်အမှားမှားနှင့် ​ပြောမိပြောရာပြောချလိုက်သည်။

"ဟာ မပြောချင်ပါဘူး ကျွန်တော် မေမေဆီသွားတော့မယ်"

ခေါင်းငုံ့ကာပြေးထွက်သွားတဲ့ Kaoကို Kin ပြန်ဆွဲခေါ်ဖို့ အင်အားမရှိပါ...
"ဟာ ငါ ခုနက ဘာတွေလုပ်လိုက်မိပါလိမ့်...
ကလေးတော့ ရှက်သွားမှာပဲ...ဒုက္ခပဲ ငါ့ကို စိတ်ဆိုးသွားပြီလား Kinရာ မင်း ဘာလို့ စိတ်မထိန်းနိုင်လိုက်တာလည်းကွာ.....ဟူး..."

ခုံတန်းလျားလေးမှာထိုင်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လိုက် ရှက်ရှက်နဲ့ ရယ်လိုက်နဲ့ ထိုင်မရ ထမရဖြစ်နေတဲ့ အကိုKinကို ခုနကမှချလိုက်တဲ့ ဖုန်းကိုကိုင်ထားကာ သစ်ပင်အကွယ်က ရပ်ကြည့်နေတာကတော့ Candyပါ...

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now