🤍 32 🤍(Unicode)

630 70 29
                                    

❣️ Episode 32 ❣️

"အစ်မ ဒါက Kaoနေခဲ့တဲ့ ဂေဟာပေါ့နော်"

Kinနဲ့ Roseတို့ရဲ့ကားလေးဟာ Warmly ဂေဟာလေးရဲ့ ခြံဝန်းထဲကိုမောင်းဝင်နေချိန်မှာ Kinကမေးလိုက်ခြင်းပင်...
ငယ်ငယ်က ဒီဂေဟာမှာလာဆော့ခဲ့ဖူးပေမယ့် နှစ်တွေကြာပြီမို့ အရင်ကနဲ့မတူအနည်းငယ်ပြောင်းလဲနေသည်ကို Kinခံစားမိသည်။

"ဟုတ်တယ် အရင်ကဆို ဒီလို မကျယ်သေးဘူး အဆောက်အအုံကလည်းတစ်ခုပဲရှိတာ အခုတော့တိုးချဲ့ဆောက်ပေးမယ့် အလှူရှင်တွေရှိလာလို့ထင်ပါရဲ့...ဂေဟာကကျယ်ကျယ်ဝန်းဝန်းလေးဖြစ်လာတယ် Kin ဟိုနားမှာကားရပ်ရအောင်"

Kinတို့ကားလေးနေရိပ်မှာ ရပ်ထားလိုက်ပြီး နှစ်ယောက်လုံးကားပေါ်ကဆင်းလိုက်ကြသည်။

"ကျွန်တော်မထင်ထားမိဘူး Kaoနေခဲ့တဲ့ ဂေဟာနဲ့ မေမေလုပ်အားပေးတဲ့ဂေဟာခုလို တိုက်တိုက်ဆိုင်ဆိုင်တူလိမ့်မယ်လို့ပေါ့"

"ဟုတ်ပါရဲ့ Kaoကိုရှာတွေ့တာ Kinအမေကိုကျေးဇူးတင်ရမယ်"

"ဟယ် Rose မလား ဟုတ်ပါရဲ့ Roseပါ
စစ္စတာကြီးရေ ဒီမှာRoseလာတယ်"
ဂေဟာ အဝင်ပေါက်မှာ တံမြက်စည်းလှဲနေတဲ့ စစ္စတာတစ်ယောက်က Roseကိုမြင်တော့ ဝမ်းသာအားရဆီးကြိုသည်။

စစ္စတာကြီးလည်း အခန်းထဲမှထွက်လာကာ
"ဪ Roseပဲ လာထိုင်ပါဦး မတွေ့တာတော်တော်ကြီးကြာပြီ"

"စစ္စတာကြီးကျွန်မကိုမှတ်မိတယ်နော်"

"ဒါပေါ့ စစ္စတာသူငယ်မပြန်သေးပါဘူး"
စစ္စတာကြီးက နောက်လိုက်တာကြောင့် အကုန်လုံးပြုံးရယ်ကုန်ကြသည်။

"ကျွန်တော့်ကိုရော မှတ်မိလားဗျ"

"ဟယ် သားက ဘယ်သူပါလိမ့် နေပါအုန်း Kin Billkinလေးမလား Sueရဲ့သားက ငယ်ရုပ်မပျောက်သေးပဲကိုး ချောတော့လာသား"

"ဟာ စစ္စတာကြီးမြှောက်နေပါပြီဗျ စစ္စတာကြီးက မှတ်ဉာဏ်ကောင်းလိုက်တာ ကျွန်တော်မလာတာဖြင့်ကြာလှပေါ့"

"ဟုတ်ပါရဲ့ ခုရော ဘာကိစ္စနဲ့လာကြတာလဲ ဧကန္တ..."

"ဟုတ်ပါတယ် Kao ကို ပြန်လာခေါ်ကြတာပါKaoဒီကိုရောက်နေတယ်မလားဟင်"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now