🤍 12 🤍(Uni+Zawgyi)

818 98 10
                                    

☀️ Episode 12 ☀️

Rose ဆေးရုံမှာ dutyကျနေရင်း Kaoလေး ဒီနေ့ကျောင်းတက်ရတာ အဆင်ပြေရဲ့လားဟုတွေးနေမိသည်
ဘာပဲဖြစ်ဖြစ် စိတ်ထဲတွင်ပျော်နေမိသည် Deanတဖြည်းဖြည်း Kaoအပေါ်ချစ်စပြုလာပြီလို့ မျှော်လင့်ရင်းပေါ့...

"အစ်မRoseရေ ကျွန်တော်တို့ နေ့လည်စာသွားစားကြမလို့ အစ်မလိုက်မလားဟင်"

Kinကအနောက်ခေါ်လိုက်တော့မှ အတွေးစဖြတ်ကာ
"ဪ Kin အစ်မမလိုက်တော့ဘူး ထမင်းဘူးပါလို့"

"ဪဟုတ်အစ်မ"
Kinက မသွားသေးဘဲ ပြောစရာ စကားကျန်နေပုံရတာကြောင့်
"ဘာပြောမလိုလဲ Kinရဲ့"

" ဟိုလေ Kao နေကောင်းသွားပြီလားဟင်"

အရင်က Kaoလေး အခြေနေကို Kinကိုမသိစေချင်တာကြောင့် Roseအမြဲရှောင်နေခဲ့သည်
ဒီနေ့တော့ Kinက အခွင့်ရေးရတာကြောင့် မေးလိုက်ခြင်းဖြစ်သည်
Roseက ပြုံးကာ
"ကောင်းပါပြီကွယ် သားကဒီနေ့ကျောင်းပြန်တက်နေပြီKinရဲ့"

အစက စိတ်ပူဟန်ရှိနေသော Kinက ပါးချိုင့်များခွက်အောင်ပြုံးသွားကာ
"တော်သေးတာပေါ့ အစ်မရယ် ဒါနဲ့ ကျွန်တော့်ကိုကောမမေးဘူးလားဟင်"

"Kaoလေးက Kinကိုတွေ့ခဲ့တာကို မမှတ်မိဘူးထင်တယ်"

Kinက သက်ပြင်းချကာ
"အရင်တစ်ခါလို လူမှားပြန်ပြီထင်တယ်"

"လူမှားတယ်?"

Kinက စတွေ့တဲ့နေ့က လူမှားတဲ့အကြောင်းပြောပြတော့
"ဘယ်သူနဲ့မှားတာလဲဟင်"

"Daoလို့ပြောတယ် ကျွန်တော်နဲ့ရုပ်တူလို့များလားဟင် အစ်မမသိဘူးလား"

Rose လန့်သွားကာ မျက်စိမျက်နှာပျက်သွားသည်
ဒါပေမယ့် အမှန်တိုင်းမပြောပြချင်တာကြောင့်
" သူ့ သူငယ်ချင်း့ဖြစ်မယ်Kinရဲ့
Daoဆိုတဲ့ကောင်လေးကို Kaoကအရမ်းခင်တာ သူနဲ့Kinက ရုပ်တူလို့နေမှာ"

"ဪ ဟုတ်မယ် ဒါဆို ကျွန်တော်သွားပြီနော်"
Kin က Roseကို နှုတ်ဆက်ကာ ထွက်လာရင်း အရာတစ်ခုကိုအလိုမကျစွာစဉ်းစားလာသည်

"Kaoမျက်လုံးထဲမှာ ငါ့ကိုမြင်တိုင်း ဘာလို့ ဝမ်းနည်းရိပ်တွေသန်းနေတာလဲ"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now