🤍 25 🤍 (Zawgyi)

369 27 6
                                    

💕 Episode 25 💕

" အကို ဘယ်ရောက်သွားတာလဲ၊ အကိုက သတိမရသေးဘူးမဟုတ်ဘူးလား ဘာလို့ ကုတင်ပေါ်မှာ မရှိတော့တာလဲ"

Kin ဆေးရုံခန်းထဲက အိမ်သာထဲများရောက်နေလားဟု Kao တံခါးဖွင့်ကြည့်မိသည်။ ရှိမနေတာကြောင့် ရင်ထဲ ထိတ်သွားသည်။

အပြင် စင်္ကြံကိုများထွက်သွားတာလား... မဖြစ်နိုင်တာ
ဒါပေမယ့် အခန်းတံခါးကဟနေတာကြောင့် Kao ဟနေတဲ့ တံခါးဝကနေ အပြင်ကို ခေါင်းပြူကြည့်လိုက်သည်။

လမ်းတစ်လျှောက်လုံး ဘယ်သူမှမရှိ...စင်္ကြံလျှောက်လမ်းရဲ့ အဆုံးမှာ အကွေ့လေးရှိသည်။ထိုအကွေ့လေးမှာတော့ ဆေးရုံဝတ်စုံဝတ်ထားသည့် လူတစ်ယောက်...ထိုသူက အကိုနဲ့တော့တူသည်။ ကျောပဲမြငိရတာမို့ သဲတော့မသဲကွဲ။

Kao သူ့နောက်ကို လိုက်သွားလိုက်သည်။
သူက ဘယ်ဘက်ကိုကွေ့ဝင်သွားတာကြောင့် Kaoသူ့ကိုမတွေ့ရတော့...

"အကို...Kin"

လှမ်းအော်ခေါ်ပေမယ့် မမီလိုက်...သူ Kao မြင်ကွင်းကနေ ပျောက်ကွယ်သွားသည်။
Kao လည်း သွက်သွက်လျှောက်ကာ လိုက်ကြည့်တော့ စင်္ကြံလမ်း ဘယ်ဘက်အကွေ့မှာ ဘယ်သူမှရှိမနေ...

"အကို..." Kao အော်ခေါ်နေပေမယ့် Kinမပြောနဲ့ ဘယ်သူမှမရှိ
မေမေရော..?

ဒီအချိန်ဆို မေမေမအိပ်သေးဘူး...
မေမေရှိနေမယ့် ရုံးခန်းထဲကို သွားဖို့ Kao ညာဘက်ကွေ့လိုက်သည်။ ဒါပေမယိ့ မထင်မှတ်ပဲတွေ့လိုက်ရတာက ခုနက ဘယ်ဘက်ကိုကွေ့သွားတဲ့ ဆေးရုံအဝတ်စားနဲ့ လူက ညာဘက်မှာရှိတဲ့ အပေါ်ထပ်တက်ဖို့လှေကားပေါ်ကိုတက်နေတာဖြစ်သည်။

Kao အမြန်ပဲ လှေကားနားကို ပြေးသွားလိုက်တယ်။

သူက လှေကားတက်လို့ထိပ်တောင်ရောက်ခါနီးပြီ..Kaoက လှေကားရဲ့ အောက်ဆုံးမှာရပ်ပြီး
"အကို Kinလား"လို့ လှေကားထိပ်မှာရပ်နေတဲ့သူကိုမေးလိုက်တယ်။
ကျောပေးထားတဲ့ သူကKaoကို ဖြည်းဖြည်းချင်းလှည့်ကြည့်တယ်။

"Kao..."
ဟုတ်ပါရဲ့ သူက အကို Kin ပဲ...Kaoကို ပြုံးပြကာ လက်ယက်ခေါ်နေတယ်။

"လာလေ Kao အကို့ဆီလာ"

"အကိုက Kaoဆီလာရမှာ ဘာလို့ သတိရရချင်းလျှောက်သွားနေတာလဲ"

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now