🤍 28 🤍(Zawgyi)

334 21 3
                                    

❣️ Episode 28 ❣️

Kaoအံ့ဩလွန်းလို့ အသက်ရှူဖို့ပင်မေ့နေသည်။ဓာတ်ပုံကိုလ က်ထဲမှာကိုင်ထားရင်း အချိန်တော်တော်ကြာအောင်စကားတစ်လုံးမှပြောမိဘဲ ရပ်နေမိသည်။

ဓာတ်ပုံကိုကြည့်ကာ တောင့်တောင့်ကြီးရပ်နေတဲ့ Kaoကို Kinတဖြည်းဖြည်းလန့်လာတာကြောင့်
"Kao အကိုမေးတာဖြေအုန်းလေ Kao...အကို့ကိုကြားရဲ့လား"

တကယ်တော့ Kaoအကို့အသံကိုကြားပေမယ့် အကို့ကိုမမြင်ရတော့ပေ...
Kaoကိုခေါ်နေတဲ့အကို့အသံတွေကလည်းတဖြည်းဖြည်းဝေးသွားသည်။Kaoပတ်ဝန်းကျင်ကပြောင်းလဲနေပြီ...Kaoအိပ်မက်ထဲကလို တိုက်ပျက်ကြီးထဲမှာ တစ်ယောက်တည်းရပ်နေပြန်သည်။
မိုးကထုံးစံအတိုင်းလည်းရွာနေဆဲ...

Kaoရပ်နေတာက တံခါးလေးဟနေတဲ့အခန်းတစ်ခုရှေ့
အရင်လိုပဲအခန်းထဲကနေ အသံတွေကြားနေရပြန်သည်။
အိပ်မက်ထဲကမြင်ကွင်းကလုံးဝမပြောင်းလဲ ဒါပေမယ့်...

"မင်းက မင်းရဲ့သားကိုတော်တော်ချစ်တာပဲ"

"သားကိုမချစ်တဲ့အဖေဆိုတာမရှိဘူး အေးပေါ့ မင်းကအဖေမှမဖြစ်ဖူးတာ ဘယ်သိမလဲ"

"တိတ်စမ်း မင်းတို့ရဲတွေငါ့ကိုဖမ်းသွားတုန်းက ငါ့မိန်းမစိတ်ထိခိုက်ပြီးသေသွားရတာ မင်းက ဒီစကားပြောရဲတယ် ခွပ်"

Kaoအိပ်မက်မက်တုန်းက မကြားဖူးသေးတဲ့စကားတွေကြားလာရတာကြောင့် ငြိမ်ပြီးနားထောင်နေမိသည်။

"အခုငါလာပြီလေ ငါ့သားရော ငါ့သားကိုလွှတ်ပေးတော့"

"ဟဟား မင်းအခုထိမရိပ်မိသေးဘူးလား မင်းသားက ငါတို့ဆီမှာမဟုတ်ဘူးကွ အခုချိန်လောက်ဆို အိမ်မှာသူ့အမေနဲ့မင်းပြန်အလာကိုစောင့်နေမှာ...ဒါပေမယ့် မင်းကတော့ ပြန်မသွားနိုင်တော့ဘူးပေါ့ ဟားဟား"

"ဘာ! ဒါဆို မင်းငါ့ကိုထောင်ချောက်ဆင်တာပေါ့ တောက်"

"ဆောရီးပါ ကိုယ့်လူ ငါက မင်းရဲ့သားကိုမသတ်ပါဘူးကွ အဖေမဲ့သားအဖြစ်တစ်သက်လုံးနေရအောင်ပဲလုပ်မှာ သိလား"

Kaoနားထောင်နေရင်း...မျက်ရည်တွေဝဲလာမိသည်။
အိပ်မက်ဆိုတာသိပေမယ့် ပြင်ဆင်လို့မရတော့ဘူးဆိုတာ သိပေမယ့် အကို့အဖေကိုကယ်ဖို့ Kaoရူးရူးမိုက်မိုက်
အခန်းထဲပြေးဝင်လိုက်မိသည်။
ဒါပေမယ့်...စူးရှတဲ့အလင်းရောင်တစ်ခုနဲ့အတူ
"ဒိုင်း..." ဆိုပြီး သေနတ်သံကြားလိုက်ရတဲ့နောက်မှာတော့

 🦋B E L O V E D🦋  (မြတ်နိုးရပါသော🤍)Where stories live. Discover now