-Unicode-
"ကိုမင်းဈာန် ရုပ်ရှင်လာကြည့်တာလား"
ပြေငြိမ်းက ညီမင်းဈာန်ကို ပုံမှန်အတိုင်းနှုတ်ဆက်သည်။သူ ပုံမှန်အတိုင်းနှုတ်ဆက်ဖို့အားတော်တော်ယူရသည်။ သူချစ်ရတဲ့လူက ဘေးမှာကောင်မလေးနဲ့လေ။
သူ့ကမ္ဘာတခြမ်းပြိုလဲကျသွားသလိုခံစားလိုက်ရပါသည်။ဖြစ်နိုင်မယ်ဆိုရင် ညီမင်းဈာန် ဒီနေရာကနေအဝေးဆုံးတစ်နေရာကိုထွက်ပြေးသွားလိုက်ချင်ပါသည်။ဒါပေမယ့် ယောကျာ်းလေးတစ်ယောက်မို့သူအတတ်နိုင်ဆုံးတင်းခံထားဖို့ဆုံးဖြတ်ထားပါသည်။
အိမ်ရောက်မှအိပ်ယာထဲငိုရငိုရအခုအချိန်တော့သူက လောကမှာ သတ္တိအရှိဆုံးလူသားအဖြစ် ဟန်ဆောင်ပြုံးပြလိုက်ပါသည်။
ပြေးငြိမ်းဘေးက သူ့ကောင်မလေးက ရည်ရည်မွန်မွန်ရှိပုံရသည်။သူ့တို့ကိုလည်းလှမ်းပြုံးပြသည်။
" အေး ဟုတ်တယ် "
ပြေငြိမ်းက နေသွေးကိုတွေ့သွားတော့ တချက်လှမ်းကြည့်သည်။ပြေငြိမ်းက နေသွေးကိုမသိသေးတာမို့ သူ နေသွေးနဲ့ပြေငြိမ်းကိုမိတ်ဆက်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်သည်။
" ပြေငြိမ်း၊ဒါငါ့သူငယ်ချင်း နေသွေး"
နေသွေးကပြေငြိမ်းကိုလက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းလိုက်ပြီး
" တွေ့ရတာ ဝမ်းသာပါတယ်။ကျွန်တော်နေသွေးပါ "
"ဟုတ်ကဲ့။ကျွန်တော်လည်းဝမ်းသာပါတယ်။ ပြေငြိမ်းပါ "
ပြေငြိမ်းက နေသွေးကိုနှုတ်ဆက်ပြီးတာနဲ့ ဘေးကသူ့ကောင်မလေးကိုမိတ်ဆက်ပေးသည်။
" ဒါကျွန်တော့်ကောင်မလေးနွေးဝါ"
ဒီနာမည်ကတော့ ညီမင်းဈာန်ကြားဖူးပြီးသားမို့မအံ့ဩတော့ပေ။ဘယ်နှစ်ယောက်မြောက်လဲဆိုတာလည်းသူမသိပါ။သူသိတာတစ်ခုကတော့ ပြေငြိမ်းဒီလိုမိတ်ဆက်ပေးတဲ့နာမည်တွေထဲ သူ့နာမည်မပါနိုင်ဘူးဆိုတာပါပဲ။
ဘေးနားမှာ နေသွေးလည်းရှိတာမို့ သူပုံမှန်ထက်စာရင်မျက်နှာမပျက်နေခဲ့ပါ။ မပျက်အောင်လည်းထိန်းထားပါသည်။ နေသွေးကိုဒုက္ခမပေးချင်လို့လည်းပါပါသည်။
YOU ARE READING
Dreamer 🦋 ( U+Z )( Completed )