Part 27🦋

2.8K 364 41
                                    

-Unicode-

ပြေငြိမ်းကို ခေါ်လိုက်ချင်ပေမယ့် ချက်ချင်းလှမ်းခေါ်လိုက်ဖို့ဆိုတဲ့အတွေးတွေထက် ဘာကြောင့်စိတ်ဆိုးသွားရတာလဲဆိုတဲ့ နားမလည်နိုင်တဲ့အတွေးတွေက ပိုဝင်လာခဲ့တာမို့ ညီမင်းဈာန်လှမ်းခေါ်ဖို့တွန့်ဆုတ်နေမိခြင်းဖြစ်ပါသည်။

သူ့နှုတ်ဖျားထက်က မခေါ်မိလိုက်ပေမယ့် သူ့ရင်ထဲတော့ တော်တော်နေလို့မကောင်းဖြစ်သွားရပါသည်။

" ဈာန် "

အခုချိန်မှာနေသွေးကိုလည်း သူအာရုံမရှိဘဲ TV ရှေ့မှာပဲ ငိုင်တိုင်တိုင်ထိုင်နေမိသည်။ ပြေငြိမ်းစိတ်မဆိုးအောင် ကြိုးစားလာသမျှက အခုတော့ မျက်စိတစ်မှိတ်အတွင်းပျက်စီးသွားသည်လေ။

" ဈာန် "

" အင်း နေသွေး "

" ဘာဖြစ်နေတာလဲ။ဟိုကောင်လေးနဲ့ ပြဿနာတက်သွားလို့လား။ ငါလည်းနည်းနည်းပြောတာလွန်သွားပါတယ် "

" ဘာမှမဖြစ်ပါဘူးကွာ။သူကလည်း စိတ်ကြီးတတ်လို့ပါ။မင်းလည်း ဘာမှစိတ်ထဲထားမနေနဲ့နော်။သူက ဘုကလန့်ပြောတတ်တာကလွဲရင် စိတ်ထားကောင်းပါတယ်ကွာ "

" အေးပါ...မင်းသင်တန်းတက်မှာတော့သေချာပါတယ်နော် ။ငါဆရာမကိုပြောထားရမှာ "

သူ နေသွေးတက်ခဲ့တဲ့ သင်တန်းမှာ ဂျပန်စာသင်ဖို့ဆုံးဖြတ်ထားတာမို့ နေသွေးက ပိုသေချာအောင်သူ့ကိုမေးနေခြင်းပါ။သူခေါင်းပဲငြိမ့်ပြလိုက်ပါသည်။

" အင်း ဒါဆို ငါဆရာမကိုပြောထားလိုက်မယ်။ စိတ်ပြေလက်ပျောက် ရေကန်ကြီးဘက်သွားကြမလား...မင်းကြည့်ရတာ နုံးတုံးတုံးနဲ့။ ပြီးတော့ ငါလည်းအဲ့ကိုမရောက်ဖြစ်တာကြာပြီ "

နေသွေးက ဘယ်လိုမှငြင်းဆန်လို့မရအောင်ခေါ်နေတာမို့ သူ မငြင်းမိပါ။ ဒီလိုစိတ်ညစ်ရတဲ့အချိန်မျိုးတွေမှာ နေသွေးဘေးနားရှိနေရတာလည်း အနည်းငယ်တော့ စိတ်သက်သာရာရတယ်လို့သူခံစားမိပါသည်။

နေသွေး အပြုံးတွေက သူ့အတွက်ဆို အမြဲလန်းဆန်းနေတတ်သည်လေ။သူဘာတွေပဲပြောပြော လုပ်လုပ်၊ ဘယ်လောက်ဆိုးဆိုးသည်းခံနိုင်တဲ့သူက နေသွေးတစ်ယောက်တည်းပါပဲ။

Dreamer 🦋 ( U+Z )( Completed )Tempat cerita menjadi hidup. Temukan sekarang