-Unicode-
ပြေငြိမ်းမျက်လုံးတွေဖွင့်လိုက်တာနဲ့ ခေါင်းတွေထိုးကိုက်သွားရသည်။ အပေါ်မျက်နှာကြပ်က သူ့အခန်းကမျက်နှာကြပ်မို့ အိမ်ပြန်ရောက်နေတယ်ဆိုတာတော့သိလိုက်ပါသည်။
ညက မဟားတရားတွေသောက်ပြီး အသိစိတ်လွတ်နေတာမို့ သူတချို့အကြောင်းအရာတွေဘာမှမမှတ်မိတော့ပါ။ အိမ်ဘယ်လိုပြန်ရောက်လာတာကတော့ ပြေငြိမ်းဘယ်လိုမှပင်ပုံဖော်မရဖြစ်နေသည်။
ညီမင်းဈာန်သယ်လာပေးတာဖြစ်မယ်လို့တော့ သူထင်လိုက်မိပါသည်။
" ဟမ် "
ကိုယ်ပေါ်က တီရှပ်နဲ့ ဗိုက်ပေါ်တင်နေတဲ့ ပုဆိုးက သူညကဝတ်ထားတဲ့ အဝတ်အစားတွေမဟုတ်တော့တာမို့အနည်းငယ်တော့ ကြောင်သွားရပါသည်။ ပုဆိုးအောက်မှာ အတွင်းခံပါမရှိနေတော့ ပြေငြိမ်းမျက်နှာကြီးတစ်ခုလုံးထူပူသွားရသည်။
လူမှန်းသူမှန်းမသိအောင် မူးနေတဲ့သူ့ကိုယ်သူပဲ အပြစ်တင်မိပါသည်။" သွားပြီ....ငါ ဟိုပေါ်ဒီပေါ်တွေကို ကိုမင်းဈာန်မြင်သွားလောက်ပြီ "
ရှက်တဲ့စိတ်ကြောင့် မူးလို့မအီမသာဖြစ်နေတဲ့စိတ်တောင်တော်တော်ပျောက်သွားရပါသည်။ဒီအချိန်မှာတော့သူညီမင်းဈာန်ကို ဘယ်လိုမှရင်မဆိုင်ရဲပါ။
အိပ်ယာဘေးက ဖုန်းကိုယူကြည့်လိုက်တော့ ၁၂ ထိုးဖို့ ၁၅ မိနစ်လောက်ပဲလိုတော့သည်။သူခပ်မြန်မြန်ပဲ မျက်နှာသစ် သွားတိုက်လိုက်သည်။
အိမ်အောက်ထပ်ကိုတော့ သူ မဆင်းရဲသေးပါ။တော်ကြာညီမင်းဈာန်နဲ့တည့်တိုးရင် အိုးနင်းခွက်နင်းတွေပြောမိပြီး တစ်ရှက်ကနေ နှစ်ရှက်ဖြစ်ရပေဦးမည်။တော်တော်ကြာတဲ့အထိဖုန်းကြည့်နေပေမယ့် ဘာမှမစားရသေးတာမို့ ဗိုက်က ဆန္ဒတွေပြနေသည်လေ။မခံနိုင်တော့တဲ့အဆုံး ပြေငြိမ်းအောက်မှာ တစ်ခုခုမွှေနှောက်စားဖို့ အခန်းအပြင်အထွက်မှာပဲ ညီမင်းဈာန်ကလည်း အခန်းထဲကထွက်လာတော့ ရုတ်တရက်ဆုံသွားရသည်။
ညီမင်းဈာန်ကိုမြင်တော့ သူ့မျက်နှာတွေပူစပ်စပ်ဖြစ်သွားပြီး နေရတာ တမျိုးကြီးဖြစ်သွားသည်။
သူဘာပြောရမှန်းလည်းမသိတော့ပါ။
YOU ARE READING
Dreamer 🦋 ( U+Z )( Completed )