Final 🦋

3.8K 319 16
                                    

-Unicode-

ပြေငြိမ်း ညီမင်းဈာန်လက်ကိုကိုင်ထားရင်း
ကမ်းခြေမှာလမ်းလျှောက်နေရတာမို့ အတော်လေးကို ပျော်ရွှင်နေမိပါသည်။

အခုချိန်မှာသူချစ်ရတဲ့ အကို့ကို ပိုင်ဆိုင်နေရပြီမို့ ဘာမှထပ်မလိုချင်တော့လောက်အောင် ကြည်နူးနေရသည်။

" ဒါနဲ့မောင်က ဘယ်မှာနေနေတာလဲ "

ညီမင်းဈာန်က ပြေငြိမ်းကိုလမ်းလျှောက်ရင်းလှမ်းမေးလိုက်သည်။

" မောင်က အကိုဘေးကအခန်းမှာနေနေတာလေ "

" ဒါလည်း ဟိုကောင့်လက်ချက်ပဲပေါ့ "

" ဒါပေါ့ဗျာ အကိုနေသွေးကျေးဇူးတွေ ဟ ဟ "

" မဟုတ်မှလွဲရော မနေ့က message ပို့တာလည်း မောင်ပဲမလား "

" ဟမ် မဟုတ်ပါဘူး။ လူမှားနေတာလား။ အကို့ကို ဘယ်သူပို့တာလဲ "

" အလုပ်ကသူငယ်ချင်းနေမှာ မောင်ရ။ စိတ်မဆိုးပါနဲ့နော် "

" မရဘူးဗျာ စိတ်ဆိုးပြီ "

" လူကြီးဆန်နေပြီထင်တာ ကလေးဆန်နေတုန်းပဲလားနော် ဒီကောင်လေးက "

ပြေငြိမ်းဘာမှပြန်မပြောဘဲ လမ်းသာဆက်လျှောက်နေလိုက်သည်။ သူအကို့လက်ဖဝါးနုနုလေးတွေကိုတော့မလွှတ်သေးပါ။

" မောင်ကလည်း တစ်ခုခုပြန်ပြောပါဦး...စိတ်မဆိုးပါနဲ့နော်။ အကို့မှာမောင်တစ်ယောက်ပဲရှိတာပါ။နော် ....နော် "

" ဟား ဟား အကို အညာမိသွားပြီ။ အဲ့စာကမောင်ပို့ထားတာ အကိုဘာပြောမလဲသိချင်လို့ တမင်စတာ "

" ဟာ သက်သက်လူကိုဂျင်းတာပဲ။ ဒီတစ်ခါတော့တကယ်တင်းပြီ "

" မတင်းပါနဲ့အကိုရာ မောင်ကချစ်လို့စတာပါ။ အာဘွား "

" တော်ပါ စတုန်းကစပြီး "

" အကို စိတ်ဆိုးနေရင် မောင်ပင်လယ်ထဲ ဆင်းသွားတော့မယ် "

" ဆင်းပေါ့ "

" တကယ်နော် "

ပြေငြိမ်း ပြောပြီးတာနဲ့ ညီမင်းဈာန်လက်ကိုဖြုတ်ကာ ပင်လယ်ထဲဆင်းသွားလိုက်သည်။

Dreamer 🦋 ( U+Z )( Completed )Where stories live. Discover now