Part 32 🦋

2.8K 383 63
                                    

-Unicode-

ညီမင်းဈာန်ကို ပြေငြိမ်းငေးကြည့်ရတဲ့အချိန်တွေကလည်း စာမေးပွဲစတာနဲ့ ကုန်မှန်းမသိ ကုန်လာရပါသည်။ချောင်းကြည့်မိခဲ့တဲ့နေ့ကစလို့ စာမေးပွဲဖြေဖို့စာကြည့်ချိန်ပေးတဲ့အချိန်ထိသူတစ်ရက်မှမပျက်တန်းညီမင်းဈာန် ရှိတဲ့ အခန်းနားကို သွားပြီး ချောင်းကြည့်မိသည်။

ညီမင်းဈာန်မမြင်အောင်နေရတာသူ့အတွက် အရမ်းကိုပင်ပန်းလွန်းပါသည်။ ညီမင်းဈာန်ကို သူစကားတွေအများကြီးပြောချင်သည်။ သူဘယ်လောက်ထိလွမ်းနေရကြောင်းပြောပြလိုက်ချင်ပေမယ့် အပြစ်ရှိသူတစ်ယောက်မို့ ညီမင်းဈာန်ကို ရင်မဆိုင်ရဲပါ။

ညီမင်းဈာန်ဆီက ထွက်လာနိုင်တဲ့ ခါးသီးတဲ့စကားတွေကို ပြေငြိမ်းမကြားဝံ့တာကြောင့်လည်းပါပါလိမ့်မည်။ ညီမင်းဈာန်တို့အိမ်မှာစမနေတော့ကတည်းက သူ့ရဲ့တစ်နေ့တာတွေအားလုံးက အဓိပ္ပါယ်မဲ့နေသလိုခံစားနေရပါသည်။

စာမေးပွဲစဖြေရတဲ့ရက်မှာတော့ပြေငြိမ်းစာတွေအများကြီးမဖြေဘဲ စာမေးပွဲဖြေချိန် တစ်ဝက်ကျိုးတာနဲ့ စာအုပ်အမြန်အပ်ကာထွက်လိုက်သည်။ပြီးတာနဲ့သူညီမင်းဈာန် စာမေးပွဲဖြေတဲ့အခန်းကို တေဇဆီ က စုံစမ်းပြီး  သွားချောင်းကြည့်ပါသည်။

ညီမင်းဈာန်က သူနဲ့တော့တခြားဆီပင်ဖြစ်သည်။သူ့လို တစ်နာရီခွဲပြည့်တာနဲ့  တန်းမထွက်လာဘဲ စာကိုပဲသည်းကြီးမဲကြီးကုန်းရုန်းဖြေလျက်ရှိသည်။ပြေငြိမ်းကတော့ အခန်းရှေ့ကနေ သူဖြေခဲ့တာကို စိတ်ပူဖို့ထက် ညီမင်းဈာန် ဖြေနိုင်ဖို့အရေးသာ ပိုပြီးစိတ်ပူမိပါသည်။

စာမေးပွဲရက်တွေတိုင်းသူ ညီမင်းဈာန်ကို စောင့်ကြည့်နေခဲ့တာ ပထမနှစ်ဝက်စာမေးပွဲနောက်ဆုံးနေ့ကိုရောက်မှန်းမသိရောက်လာပါတော့သည်။သူများတွေအတွက်ကတော့ နောက်ဆုံးနေ့က ပျော်စရာကောင်းတယ်လို့ ထင်ရပေမယ့်သူ့အတွက်ကတော့ပျော်စရာမကောင်းလှပါ။ ဒီနေ့လေးပြီးသွားရင် ညီမင်းဈာန်ကို ထပ်တွေ့ရဖို့ မသေချာတော့တာကြောင့် သူစိတ်ညစ်နေမိပါသည်။

ပြေငြိမ်းကျောင်းကို စောစောပဲထွက်လာလိုက်သည်။ စာကညကတည်းက ကျက်ထားတာမို့ မနက်ကျ အောင်မှတ်ဖိုးလောက်ကိုသာ သူနည်းနည်းပြန်ကြည့်ခဲ့ပါသည်။

Dreamer 🦋 ( U+Z )( Completed )Where stories live. Discover now