Part 31 🦋

2.9K 385 59
                                    

-Unicode-

" ပြေငြိမ်း မင်းတော်တော်မလွယ်တဲ့ကောင်ပဲ။ မင်းခုလိုလုပ်တာ Daddy ဘယ်လောက်မျက်နှာပျက်ရလဲ မင်းသိလား "

Daddyဆူလိမ့်မယ်ဆိုတာသိပေမယ့် ညီမင်းဈာန် အိမ်မှာတော့ ပြေငြိမ်းဘယ်လိုမှဆက်နေနိုင်တော့မှာမဟုတ်လို့ အားချင်း အထုတ်တွေကို တေဇအိမ်မှာရွှေ့ထားလိုက်ပါသည်။

သူထင်တဲ့အတိုင်းပါပဲ။ Daddyကသူ့ကိုဆူနေလေပြီ။

" Daddyရာ သားတကယ်နေရတာ အဆင်မပြေလို့ပါ"

" ဘာမပြေစရာအကြောင်းရှိလို့လဲ။ ဟိုက မင်းကိုကောင်းကောင်းမွန်မွန်ထားထားတာ"

" Daddyမသိပါဘူးဗျာ "

" မင်းနဲ့တော့ ခက်တော့တာပဲ ပြေငြိမ်းရာ။ မင်းဒီလိုပုံစံမျိုးနဲ့သာဆို ရန်ကုန်မှာ ဆက်မထားတော့ဘူး။ ပထမနှစ်ပြီးရင် ဒီမှာပဲ တက်တော့"

Daddy စကားက သူ့ခေါင်းပေါ်မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ အရင်ကဆိုရင်တော့ နယ်မှာကျောင်းတက်ရမှာမို့ မတက်ချင်တာမျိုးဖြစ်ပါလိမ့်မည်။ အခုတော့ ညီမင်းဈာန်နဲ့ ပိုဝေးရမှာဆိုတဲ့အတွေးတွေဖျက်ခနဲဝင်လာတာမို့ သူခေါင်းကိုသွင်သွင် ခါယမ်းလိုက်သည်။

ဘာလို့များတစ်ခုခုဆို ညီမင်းဈာန် အကြောင်းပဲစဉ်းစားနေမိလဲ သူနားမလည်ပါ။

" သားရန်ကုန်မှာပဲဆက်နေချင်တယ် "

" ပြေငြိမ်း မင်းကိုDaddyက အလိုလိုက်တယ်ဆိုပြီး ကမ်းမတက်နဲ့နော်။ Daddy သူငယ်ချင်းကိုဘယ်လောက်မျက်နှာပျက်ရတယ်ထင်လဲ။ သူတို့ဘက်က သူတို့နဲ့အဆင်မပြေလို့မင်းမနေတော့ဘူးထင်နေတာ"

" မဟုတ်ပါဘူးဆိုဗျာ။ လူငယ်ကိစ္စဗျ...လူငယ်ကိစ္စ။ Daddy မသိပါဘူးဗျာ "

" မင်းက Daddy မွေးထားလို့ လူဖြစ်လာတဲ့ကောင်ပါ။ Daddy လည်း ငယ်ရာက ကြီးလာတာ...ဘာကိစ္စလဲပြော။ မပြောပြရင် အဆောင်တွေဘာညာ ရှာခိုင်းမယ်မကြံနဲ့။ မန္တလေးကိုချက်ချင်းပြန်ခေါိမှာ "

Daddyကလည်း သူ့လိုခေါင်းမာတာမို့ အကြောင်းပြချက်ကောင်းကောင်းမပေးရင်လွတ်နိုင်မည်မဟုတ်ဘူးဆိုတာကို သူကောင်းကောင်းသိပါသည်။

Dreamer 🦋 ( U+Z )( Completed )Tahanan ng mga kuwento. Tumuklas ngayon