Part 14🦋

3.2K 390 16
                                    

-Unicode-

ညီမင်းဈာန် ရုတ်တရက် ပြေငြိမ်းကို မြင်လိုက်ရတော့ နည်းနည်းထူးဆန်းသလိုခံစားလိုက်ရသည်။သူ့ရှေ့ ပိုက်ဆံအတူကမ်းလာတဲ့ လက်ကလေးတွေကိုသေချာကြည့်မိသည်။

တကယ့်ကို ယောကျာ်းပီသတဲ့လက်မျိုး၊ ရှည်ရှည်သွယ်သွယ်လေးတွေ။

​အနောက်က နေသွေးကို မြင်လိုက်ရတဲ့အချိန်မှာပြေငြိမ်းပြောလက်စ စကားကိုဆက်မပြောတော့တာကိုညီမင်းဈာန်သတိထားမိပါသည်။

နေသွေးက ဝင်ဝင်ချင်း ပြေငြိမ်းကို လှမ်းတွေ့တော့ မထူးဆန်းသလို ပြုံးပြသည်။
ပြေငြိမ်း ပြန်ပြုံးပြလိုက်တာကိုလည်း သူမြင်ရပါသည်။ဒါပေမယ့် ဖော်ရွေတဲ့အပြုံးမျိုးတော့မဟုတ်ပေ။
ဝတ်ကြေတန်းကြေ အပြုံးမျိုးသာဖြစ်သည်။

ညီမင်းဈာန် ဘာစပြောရမှန်းမသိဖြစ်နေတုန်းမှာပဲ ပြေငြိမ်းကစပြောသည်။

" ကိုမင်းဈာန် မနက်ကကျွန်တော် ချေးသွားတဲ့ ၂ သောင်း အဲ့ဒါ ပေးချင်လို့"

ပြေငြိမ်းကလက်ထဲက ပိုက်ဆံ၂ သောင်းကိုသူ့ဆီကမ်းပေးတော့ လှမ်းယူလိုက်ပြီး

" အေးပါ။အေးဆေးမှပေးလည်းရတာပဲကို "

" ကျွန်တော်ဘယ်သူ့အပေါ်မှအကြွေးမတင်ချင်ဘူး"

ဘယ်လောက်တောင်တင်တင်စီးစီးပြောလိုက်တဲ့စကားလဲဟု ညီမင်းဈာန်တွေးမိသည်။
ပြေငြိမ်းကို သူဘယ်လိုမှနားမလည်နိုင်တော့ပါ။

" ကျွန်တော့်ကို ခွင့်ပြုပါဦး"

ပြေငြိမ်းကသူတို့ကို ခပ်တည်တည်နှုတ်ဆက်ပြီး အပေါ်ထပ်ကို တက်သွားသည်။

နေသွေးကပြေငြိမ်းတက်သွားမှ သူ့ကို လှမ်းမေးသည်။

" အဲ့ကောင်လေးကအဲ့လိုပဲလား။စကားပြောတာအပေါ်စီးကပဲနော်"

" မဟုတ်ပါဘူးကွာ။သူစိတ်မကြည်စရာတစ်ခုခုရှိလို့နေမှာပါ "

ပြေငြိမ်းကို တခြားလူတွေ အမြင်ကပ်သွားတာမျိုးမလိုလားတာမို့ သူဖာတေး​ပြောရပါသည်။ ပြေငြိမ်းသူ့ကိုပြောသွားတဲ့ပုံကလည်း တကယ့်ကိုလေသံက အပေါ်စီးကပုံစံမျိုးဖြစ်သည်။

Dreamer 🦋 ( U+Z )( Completed )Where stories live. Discover now