Part 29 🦋

3K 405 77
                                    

-Unicode-

ညီမင်းဈာန် ဖုန်းထဲက ကြားလိုက်ရတဲ့ စကားတွေကို မယုံကြည်လောက်အောင်ဖြစ်မိပါသည်။ ပြေငြိမ်း စိတ်ဆိုးအောင်သူဘာတွေများထပ်လုပ်မိပြန်ပြီလဲဆိုတဲ့ အတွေးတွေကလည်း သူ့ထံရုတ်တရက်ဝင်လာတော့သည်။

သူဘာကြောင့်လဲ မေးဖို့အချိန်တောင်မပေးဘဲ ပြေငြိမ်းက ဖုန်းကို ချပစ်သည်လေ။

ပြေငြိမ်းဆီဖုန်းပြန်ဆက်ကြည့်တော့ ဖုန်းကိုစက်ပိတ်ထားတာမို့ ခြေမကိုင်မိလက်မကိုင်မိအခြေအနေနဲ့ သူ ဘာလုပ်ရမှန်းမသိဖြစ်နေမိသည်။

Messenger ကိုသွားကြည့်တော့လည်းပြေငြိမ်းလိုင်းပေါ်ရှိမနေပါ။ ဒီလိုအချိန်မှာ သူဘယ်သူ့ကိုတိုင်ပင်ရမှန်းသေချာမသိဖြစ်ရပါသည်။ နေသွေးကိုလည်း ဒီလိုကိစ္စမျိုးတွေသူ မပြောပြချင်ပါ။

အခုချိန်သူ့ခေါင်းထဲပေါ်လာတာကတော့ ဟေမာပါပဲ။ ဘယ်အရာမဆို ပြောပြလို့ရတာမို့ သူ ဟေမာ accကို messengerမှာရှာလိုက်သည်။ ဟေမာ့ acc မီးစိမ်းနေတာမို့ ခပ်မြန်မြန်ပဲခေါ်ကြည့်သည်။ သိပ်မကြာလိုက်ဘဲ ဟေမာ ဖုန်းကိုင်ပါသည်။

" အေး ညီမင်း ပြော"

" ဟေမာ ငါ စိတ်ညစ်တယ်ဟာ "

" ဟဲ့ နင့်အသံတွေ ဘာဖြစ်နေတာလဲ "

ဟေမာက သူ့အကြောင်းအားလုံးနီးပါးသိသူမို့ သူ့အသံကြားလိုက်တာနဲ့ ပြဿနာတစ်ခုခုရှိနေမှန်းတန်းသိပါသည်။

" ပြေငြိမ်း ငါ့ကို တွေ့ဖို့ချိန်းနေတယ်။ ငါ့ကို မကျေနပ်တာ တစ်ခုခုရှိနေတယ်ထင်တယ်ဟာ... သူ့အသံတွေတော်တော်မာနေတယ်။ ငါကြားရတာ အဆင်မပြေဘူး "

" ဘာပြဿနာရှိလို့လဲ ညီမင်းရယ်။ဟိုနေ့တွေကလည်း အကောင်းကြီးမလား "

" ငါလည်းမသိတော့ပါဘူး။ဒီနေ့ ငါနေသွေးနဲ့ သင်တန်းကိစ္စသွားတာကို သူမကျေနပ်ဘူး။နေသွေးက ငါ့သူငယ်ချင်းလေ ငါဘယ်လိုငြင်းလို့ရမလဲ "

" အေးလေ...ဟုတ်တာပဲ။ဟိုကောင်လေးကလည်း ပိုင်စိုးပိုင်နင်းနဲ့ နင်ကသူ့ချစ်သူလည်း မဟုတ်ဘူး"

" ငါမသိတော့ပါဘူး။ အခုသူအိမ်မှာမရှိဘူး"

" သူ အိမ်ပေါ်ကဆင်းသွားတာလား "

Dreamer 🦋 ( U+Z )( Completed )Dove le storie prendono vita. Scoprilo ora