Part 28🦋

2.8K 390 49
                                    

-Unicode-

"ဈာန်ဒါဆိုငါသွားပြီ။ messengerမှာစာပို့လိုက်မယ်နော် "

နေသွေးက သူ့အိမ်လမ်းထိပ်ရောက်နေတာတောင် သူ့ကိုစိတ်မချနိုင်ဖြစ်နေပါသေးသည်။

" အေးပါ...ပို့လိုက်။ဂရုစိုက်သွားဦးနော် မှောင်နေပြီ ခွေးလိုက်ဆွဲနေဦးမယ် "

" ဟား ဟား ခွေးကြောက်တာက မင်းပါဈာန်ရာ။ငါမဟုတ်ပါဘူး "

" ဘာနေနေကွာ "

" မင်းတို့လမ်းက အခုဒီကနေ ကြည့်တာမှောင်တယ်နော်။ မတော်လို့ လမ်းမှာ....."

ညီမင်းဈာန်သရဲကြောက်တတ်တာ နေသွေးကကောင်းကောင်းသိတာမို့မပြန်ခင် စနောက်နေပါသည်။

" ခွေးကောင် လျှောက်မပြောနဲ့နော်။လမ်းထဲငါတစ်ယောက်တည်းဝင်ရမှာ "

" ကြောက်ရင် ငါလိုက်ပို့မယ်လေ "

" ရပါတယ်ကွာ "

" အဲ့ဒါဆို သွားပြီနော် "

" အေးပါ "

သူနေသွေးကို နှုတ်ဆက်ပြီး လမ်းထဲတစ်ယောက်တည်းလျှောက်လာလိုက်သည်။ ဘေးနားမှာစကားပြောဖို့အဖော်တစ်ယောက်မရှိတော့တာနဲ့ သူ့စိတ်တွေပြန်ပြီးညစ်လာရပါသည်။

သူပြေငြိမ်းကို အမှားတစ်ခုခုလုပ်မိသလိုလည်း ခံစားနေမိသည်။အဖြစ်အပျက်တွေက အရမ်းကိုမြန်မြန်ဆန်ဆန်ဖြစ်ခဲ့တာမို့ သူစဉ်းစားဖို့အချိန်တောင်မရလိုက်ပါ။

ညီမင်းဈာန်အိမ်ပြန်ရောက်ရင်တော့ ပြေငြိမ်းကို စကားစပြောပြီး မှားမှားမှန်မှန်တောင်းပန်လိုက်ဖို့ဆုံးဖြတ်လိုက်ပါသည်။သူကအကြီးပီသစွာအလျှော့ပေးသင့်တယ်လို့ခံယူထားသလို ဘယ်သူတွေဘာပြောပြော ပြေငြိမ်းစိတ်ဆိုးနေတာမျိုးတော့ သူ မလိုချင်မိပါ။

အိမ်ထဲဝင်လာတော့ မေမေက ဧည့်ခန်းထဲမှာ tv ကြည့်နေသည်။

" မေမေ "

"  ပြန်လာပြီပေါ့။ထိုင်ဦး...မေမေ သားကို မေးစရာရှိတယ် "

" အင်းမေမေ...မေးလေ"

" သား ပြေငြိမ်းနဲ့ ရန်ဖြစ်ထားတာလား "

မေမေ့ပုံစံက တစ်ခုခုကို သိနေတဲ့ပုံပေါက်နေတာမို့ သူအမှန်အတိုင်းပြောရပေတော့မည်။

Dreamer 🦋 ( U+Z )( Completed )Where stories live. Discover now