-Unicode-
ညီမင်းဈာန်တို့ အုပ်စု ပထမနှစ်ကျောင်းသားတွေရှိတဲ့အဆောင်ဘက်ကို လျှောက်လာလိုက်ကြသည်။အတန်းချိန်တွေရှိတဲ့အချိန်ကြမှသူတို့ ထွက်လာကြတာမို့ အတန်းတိုင်းလိုလို ကျောင်းသားတွေအပြည့်ဖြစ်နေသည်။
ပထမနှစ်အတန်းက ၃ခန်းရှိတာမို့ A ခန်းထဲအရင်ဝင်လိုက်သည်။ပြေငြိမ်းက ဘယ်အခန်းလဲဆိုတာတော့ ညီမင်းဈာန်သေချာမသိပါ။
ကျော်ဇင့်ညီနဲ့ အတန်းတူတယ်ဆိုပေမယ့် ကျော်ဇင်က သူ့ကို မပြောပြထားတာမို့ မသိရခြင်းဖြစ်သည်။
A ခန်းထဲကို ညီမင်းဈာန်တို့ဝင်လာတော့ ဆရာမက စာသင်နေတုန်းရှိသေးသည်။ သူတို့ ဆရာမကို ခွင့်ခဏတောင်းပြီး ကြည့်ကောင်းတဲ့ ကောင်လေး၊ကောင်မလေးတွေကိုရွေးခေါ်လိုက်ကြသည်။
ကျောင်းဆင်းရင် ဆရာမနားနေခန်းမှာ လာတွေ့ဖို့လည်းမှာရသေးသည်။A ခန်းထဲမှာတော့ ပြေငြိမ်းမရှိချေ။
သူပြေငြိမ်းကိုရှာနေတဲ့ပုံပေါက်နေတာကို ကျော်ဇင်ကသတိထားမိတော့ သူ့ကိုတိုးတိုးလေးကပ်မေးသည်။
" ဟျောင့် ပြေငြိမ်းကို ရှာနေတာလား "
ကျော်ဇင့် ရုတ်တရက်မေးပုံကြောင့် ညီမင်းဈာန်နည်းနည်းတော့ရှက်သွားသည်။
သူ့ပုံစံကအရမ်းများသိသာနေတာလားလို့လည်းသံသယဝင်မိသွားသည်။
ရဲတက်လာတဲ့ ပါးနီနီတို့ကလည်း ဟန်ဆောင်လို့မရအောင်ထင်းနေပါသည်။ဟေမာတို့ ကတော့ ရွေးနေကြတုန်းမို့ သတိမထားမိကြပါ။" မဟုတ်ပါဘူးကွာ။ငါကလူရွေးဖို့ကြည့်နေတာပါ"
" ဟားဟားမောင်ညီမင်းရာ မင်းကျန်တဲ့လူကိုသွားဘတ်စမ်းပါ။ငါ့ကိုတော့မရဘူးနော် ကောင်လေး"
" ဟုတ်တယ်ကွာ၊ဟုတ်တယ်။ရှာနေတာ၊ကျေနပ်ပြီလား "
" ငါကျေနပ်စရာမလိုပါဘူးကွာ။မင်းကျေနပ်ဖို့ပဲလိုတယ်"
" ဒီခွေးကောင်ကတော့တကယ်ပဲ။သူများတွေကြားကုန်မယ်။အေးဆေးနေစမ်းပါကွာ "
" ငါကအေးဆေးနေပါတယ်နော်။မင်းကအရမ်းတွေရှာနေတာမြင်ရတော့ငါစိတ်မချမ်းသာလို့ပါ။ရှာမနေနဲ့။ဒီအခန်းမှာမရှိဘူး။ငါ့ညီအခန်းက Cခန်း "
YOU ARE READING
Dreamer 🦋 ( U+Z )( Completed )