-Unicode-
ကြားလိုက်ရတဲ့ ကြေငြာသံကြောင့် ပြေငြိမ်း ကြောင်တောင်တောင်ဖြစ်သွားရသည်။
ဒီလိုနာမည်မျိုးက နောက်တစ်ယောက်ရှိနေတာမျိုးတော့ဘယ်လိုမှမဖြစ်နိုင်ပေ။အိပ်မက်ထဲကချစ်သူအတွက်ဆိုတော့ သူပိုလို့တောင်အံ့ဩရပါသည်။
ပြေငြိမ်းခပ်မြန်မြန်ပဲ King Queen Selections နားနေခန်းကနေ အပြင်ဘက်ကို ပြေးထွက်လာလိုက်သည်။ သူထွက်လာတော့ကျောင်းသူ ကျောင်းသားတွေကတော့ သူ့ကို လှမ်းလှမ်းကြည့်ကြသည်။
သူညီမင်းဈာန်ကို မြင်ရနိုင်လောက်တဲ့ နေရာနားလောက်မှာ မတ်တပ်ရပ်လိုက်သည်။ ညီမင်းဈာန်ကတော့ အနက်ရောင် suit နဲ့ တကယ်ကိုကြည့်လို့ကောင်းနေပါသည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေကလည်းအထင်းသား။
လက်ခုပ်သံတွေနဲ့အတူ ညီမင်းဈာန်က piano ရှေ့မှာကျကျနန ထိုင်လိုက်သည်။ လက်ခုပ်သံတွေဆုံးသွားတော့ပြေငြိမ်းရင်ခုန်နေမိပါသည်။ညီမင်းဈာန်ရဲ့ လက်ချောင်းလေးတွေက piano ခလုတ်ပေါ်ကို ရောက်နေပြီလေ။
ဘာသီချင်းဆိုပြီး တီးမှာလည်း ဆိုတာကိုအရမ်းသိချင်နေတာမို့ ဘေးနားကသူ့ကိုကြည့်နေကြတဲ့ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်မိပါ။
အခုချိန်သူ့အာရုံတွေကိုဖမ်းစားထားတာ ညီမင်းဈာန်တစ်ယောက်တည်းပါပဲ။တီးလုံးသံ အစလေးကိုကြားတာနဲ့ အောက်ကလူတွေ စိတ်ဝင်စားသွားကြသလိုပြေငြိမ်းလည်းစိတ်လှုက်ရှားသွားရပါသည်။ My heart will go on ဆိုတာ သူအရမ်းကိုကြိုက်ခဲ့ရတဲ့သီချင်းမို့ ပိုပြီးစိတ်လှုပ်ရှားနေမိသည်။
တီးလုံးလေးနဲ့အတူညီမင်းဈာန်ရဲ့အသံအေးအေးလေးထွက်ပေါ်လာပါတော့သည်........
🎶Every night in my dreams
I see you , I feel you🎶
ညတိုင်းငါ့အိပ်မက်ထဲမှာ ငါမင်းကိုတွေ့မြင်နေရတယ်၊ငါမင်းကိုခံစားနေရတယ်🎶That is how I know you go on🎶
ဒါကငါမင်းကိုသိစေတဲ့အရာပါပဲ🎶Far across the distance and spaces between us🎶
ငါ့တို့နှစ်ယောက်ကြားမှာဘယ်လောက်ပဲဝေးကွာပြီးကွက်လပ်တွေပြည့်နေပါစေ
YOU ARE READING
Dreamer 🦋 ( U+Z )( Completed )