Part 5🦋

3.8K 482 47
                                    

-Unicode-

"ခွေးကောင်ထတော့။ငါ့အမေ မနက်စာစားဖို့ခေါ်နေပြီ"

ငှက်ဆိုးထိုးသံလိုအော်နိုးသည့်အသံကြောင့် ပြေငြိမ်း နိုးသွားရသည်။ဒါပေမယ့်သူမထသေးပေ။

တေဇ က ပြေငြိမ်းရဲ့ပေါင်ကို ခြေထောက်နဲ့ထပ်မံတွန်းနိုးသည်။သူ မထသေးဘဲလှိမ့်နေတာမို့ တေဇ ကကုတင်ပေါ်က သူ့ဖင်ကိုအားထည့်ပြီးခြေထောက်နဲ့ကန်လိုက်သည်။

" ငါ -ိုးမသား ဘောလား။သောက်ရမ်းနာတယ်နော် "

ပြေငြိမ်းက တေဇအားခြေထောက်နဲ့ပြန်လှမ်းကန်သည်။တေဇကရှောင်လိုက်ပြီး

"နာအောင်ကန်တာပဲ။မဟုတ်ရင်မင်းထမှာမှမဟုတ်တာ။အောက်မှာ အမေမနက်စာစားဖို့ခေါ်နေပြီ။မြန်မြန်ဆင်းလာခဲ့။ငါတော့စားနှင့်ပြီ။
ပြီးတော့ ထတာနောက်ကျရင် မင်းဘာသာ busကားစီးကျောင်းသွားနော်။ကိုကျော်ဇင်ကစောင့်မှာမဟုတ်ဘူး "

ပြေငြိမ်းက တေဇကို ပေစောင်းစောင်းကြည့်သည်။

" မျက်နှာသစ်ပြီး ဆင်းလာခဲ့မယ်။ မင်းအလှည့်ကျမနွဲ့စတမ်းနော် မှတ်ထားတယ် "

" သောက်ပိုမပြောဘဲ အမြန်သစ်ပြီးဆင်းခဲ့ "

ပြေငြိမ်းခေါင်းငြိမ့်ပြလိုက်သည်။တေဇကတော့အခန်းထဲကထွက်သွားလေသည်။သူလည်း မထချင်သေးတာမို့တမှေးလောက်ခနအိပ်ဖို့ပြင်နေရင်း

" Cause every night I lie in bed
The brightest colour in my head
A million dreams are keeping me awake"

​ခေါင်းအုံးဘေးကဖုန်းမှ ringtone သံထွက်လာသည်။ပြေငြိမ်းဖုန်းကိုယူကြည့်တော့ နွေးဝါဆက်ခြင်းဖြစ်သည်။ သူနည်းနည်းကြာတော့မှဖုန်းကိုင်လိုက်သည်။

" အင်း နွေး ပြော"

" ကို....Morning "

"အင်း Morning နွေး "

"နိုးနေတာမကြာသေးဘူးမလား....  ကို့ အသံက အိပ်ချင်မူးတူးအသံဖြစ်နေတုန်းပဲ"

"အင်းဟုတ်တယ်နွေး။မကြာသေးဘူး။ခုနကပဲနိုးတာ။
ကို မျက်နှာသစ်ရေချိုးတော့မလို့ ဒါပဲနော်"

" အင်း ကျောင်းရောက်မှတွေ့မယ် "

" အင်း see you "

Dreamer 🦋 ( U+Z )( Completed )Tahanan ng mga kuwento. Tumuklas ngayon