Part 18🦋

3K 379 22
                                    

-Unicode-

ညီမင်းဈာန် နေသွေးကိုကြောင်အမ်းအမ်းလှမ်းကြည့်လိုက်သည်။ရုတ်တရက်ကြီးနေသွေးကကျောင်းလိုက်မယ်လို့ ပြေငြိမ်းကိုပြောလိုက်တော့ သူတကယ်ကြောင်သွားရပါသည်။

တကယ်ဆို နေသွေးအဖွားက အုန်းနို့ခေါက်ဆွဲချက်လို့ လာပို့တာကို ပြေငြိမ်းကိုမြင်တော့မှ ကျောင်းလိုက်မယ်ဘာလို့ပြောလိုက်တာလည်းဆိုတာသူနားမလည်ပါ။

ပြေငြိမ်းကတော့ထုံးစံအတိုင်း ပေကပ်ကပ်နဲ့ဆင်းလာပါသည်။

" နေသွေး ရုတ်တရက်ကြီးဘာလို့လဲ"

သူနေသွေးကို တိုးတိုးလေး ကပ်မေးလိုက်သည်။ပြေငြိမ်းရှေ့မှာတော့ ခုလိုမျိုးမမေးချင်ပါ။

" ငါပျင်းလို့လေ။ပြီးတော့ ဟိုကောင်လေးနဲ့စိတ်မချလို့"

ညီမင်းဈာန် အခုချိန်မှာအစိုးရိမ်ဆုံးက ပြေငြိမ်း ကြားသွားမှာကိုပါပဲ။သူ နေသွေးပုခုံးကိုလှမ်းတိုက်လိုက်ပြီး သတိပေးရသည်။

ပြေငြိမ်းကတော့ သူတို့ရှေ့ကို ရောက်လာတာမို့ သူပြေငြိမ်းကိုအရင်စကားစလိုက်သည်။

" မြန်သားပဲနော်"

" မမြန်ပါဘူး။ခင်ဗျားပြောထားတဲ့အချိန်ထက်နောက်ကျတယ်"

သူ အစောကြီးနိုးလိုက်မိလို့ထင်သည်။အခေါ်အဝေါ်တွေက အစပြောင်းလဲသွားပါသည်။

ဒီလိုမှန်းသိရင်အစောကြီးမနိုးပါဘူး။

ပြေငြိမ်းကနှိုးပေးဆိုလို့ မနက်စောစောမထ
တတ်တဲ့ ညီမင်းဈာန်alarm ကိုအစောကြီးပေးထားပြီး တညလုံးလည်းကောင်းကောင်းအိပ်မပျော်ခဲ့ပေ။
အခုတော့ ပြေငြိမ်းက အိပ်ရေးမဝလို့သူ့ကိုကြည့်မရဖြစ်နေသည်လေ။

" အေးပါ။sorryငါအစောကြီးနိုးမိလို့"

" ပြောလို့ ပြီးပြီမလား။သွားမယ်လေ"

ပြေငြိမ်းက ခပ်ပြတ်ပြတ်ပြောပြီး အရင်ဆုံးထွက်သွားသည်။

" အဲ့ကောင်လေးစကားပြောတာ အချိုးမပြေပါဘူးကွာ"

" မင်းကလည်း မင်းပဲ "

" ဟမ် ငါကဘာလို့လဲ"

Dreamer 🦋 ( U+Z )( Completed )Where stories live. Discover now