-Unicode-
မိုးစက်လေးတွေတဖျောက်ဖျောက်ကျနေတာမို့ မိုးမှုန်လေးတွေပါလာသည့်လေပြေလေးတွေက ပြတင်းပေါက်မှ တဆင့် သူ့မျက်နှာကိုတိုးဝှေ့လျက်ရှိသည်။
သူမျက်စိစုံမှိတ်လိုက်ရင်းလေပြေအေးလေးရဲ့ အရသာကို ခံစားလိုက်သည်။သူ့အတွက်တော့ဒီလိုညမျိုးက သူ့ရဲ့ဘဝမှာအမြဲထူးဆန်းတယ်လို့ ခံစားရတဲ့အကြောင်းအရာမျိုးကိုBlogရေးဖို့အတွက် တကယ့်ကို အချိန်အခါကောင်းပဲလို့ တွေးမိပါသည်။ဒါကြောင့်မို့သောက်နေကျကော်ဖီကိုခပ်မြန်မြန်ဖျော်ပြီးဒီနေ့အတွက်ရေးဖို့ စဉ်းစားထားတဲ့Blogကိုအေးအေးချမ်းချမ်းရေးဖို့စတင်လိုက်သည်။
Blogရေးတဲ့အလုပ်က သူ့ရဲ့ဝါသနာနဲ့ခံစားချက်တွေကိုရင်ဖွင့်လို့ရတဲ့ အလုပ်တစ်ခုဖြစ်သည်။
တစ်နေ့တာခံစားခဲ့ရတဲ့ပျော်ရွင်မှုတွေကိုရောစိတ်ညစ်မှုတွေကိုပါ သူရဲ့ Acc ဖြစ်တဲ့ Dreamer ဆိုတဲ့နာမည်နဲ့ Velora လို့ခေါ်တဲ့ Site တစ်ခုမှာရေးဖြစ်သည်။Veloraဆိုတာက social network တစ်ခုပါ။ဒါပေမယ့်အများစုကတော့Blogတွေရေးကြပြီး
ရင်ဖွင့်ကြသည်။များသောအားဖြင့် ဒီ siteမှာလူတော်တော်များ ပုံအမှန် ၊ informationအမှန်မသုံးကြ။တချို့တွေကတော့ ပေါက်ကွဲရေးစာတွေရေးကြသညိ။
တချို့ကျတော့လည်း အချစ်အကြောင်းတွေ၊
တစ်နေ့တာကိစ္စတွေ၊အစားအသောက်အကြောင်းတွေ။
တကယ့်ကိုပျော်ဖို့ကောင်းတဲ့ Site တစ်ခုလို့ပြောလို့ရသည်။သူလည်း သူများတင်ထားတဲ့ Blogတွေလိုက်ဖတ်ပြီးစပ်စုရတာကြိုက်သည်။
ပုံမှန်လည်း Blogလေးတွေရေးတင်ဖြစ်သည်။
သူ့အတွက် ဒီ Siteလေးက အဖိုးမဖြတ်နိုင်တဲ့နိဗ္ဗာန်ဘုံလေးတစ်ခု။
အရင်ကတည်းကရေးဖို့စဉ်းစားထားတဲ့အကြောင်းဆိုပေမယ့်သူရေးဖို့မဝံ့မရဲဖြစ်နေရသည်။ စိတ်တွေကဂနာမငြိမ်။
သာမန်blogတွေရေးရတာသူ့အတွက်လွယ်ကူပြီးFollowersတွေစိတ်ဝင်စားလာအောင်အမျိုးမျိုးရေးနိုင်ခဲ့ပေမယ့် သူ့အတွက်ဒီအကြောင်းအရာကတော့ဘာနဲ့မှမတူ။
သူLaptop ရှေ့မှာစာရိုက်ဖို့ထိုင်နေတာ ကော်ဖီတွေတောင်အေးစက်နေခဲ့ပြီ။
BINABASA MO ANG
Dreamer 🦋 ( U+Z )( Completed )