-Unicode-
၃ နှစ်ခန့်ကြာသော်
" いらっしゃいませ "
(ကြိုဆိုပါတယ်)ညီမင်းဈာန် သူ့ Dutyချိန်ပြီးခါနီးနေပေမယ့် ဆိုင်က တံခါးဖွင့်သံကြားတာနဲ့ လှမ်းနှုတ်ဆက်လိုက်သည်။
သူ ၈ နာရီကြာကြာ မတ်တပ်ရပ်ကာ အချိန်ပိုင်းအလုပ်ဆင်းနေရပါသည်။ဒီလို တနင်္ဂနွေနေ့မျိုးဆို ဆိုင်မှာ လူကျနေကြမို့ သူအနည်းငယ်တော့ ပိုပင်ပန်းရသည်။
ဝင်လာတဲ့လူကို သူလှမ်းကြည့်လိုက်တော့ နေသွေးဖြစ်နေပါသည်။ သူနေသွေးကို မြင်တာနဲ့ တော်တော်ပျော်သွားရသည်။
တကယ့်ကို အမောပြေလေးပါပဲ။ဒီလိုအချိန်မျိုးမှာ သူ့ရဲ့ကယ်တင်ရှင်ဆိုလည်းမမှားပေ။
" こんばんは "
( Good Evening )နေသွေးက ဝင်လာတာနဲ့ သူနဲ့ အတူတခြား အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းကောင်မလေးနှစ်ယောက်ကို နှုတ်ဆက်သည်။
ဆိုင်ပိုင်ရှင်က မြန်မာဖြစ်ပြီး နေသွေး အမေရဲ့ သူငယ်ချင်းဖြစ်တာမို့ အပြင်အလုပ်တွေထက်စာရင် သူအများကြီး အဆင်ပြေပါသည်။
" နေသွေးရောက်လာပြီလား "
" အေးလေ ဘာလို့လဲ ဈာန် နောက်ကျနေလို့လား "
" မဟုတ်ပါဘူး။ ငါက ဧည့်သည်တွေရောက်လာတယ်ထင်လို့"
" မင်းနားချင်နေပြီမလား ဒါဆို အခန်းပြန်တော့လေ။စက်ဘီးပါတယ်မလား"
" အင်းပါတယ်။ ဒါဆို ငါပြန်ပြီနော်"
" အေး အေး။ ငါမိုးချုပ်မယ်ထင်တယ် "
" ဂရုစိုက်ပြန်နော် "
" စိတ်ချ "
ညီမင်းဈာန်ခပ်မြန်မြန်ပဲ ဝန်ထမ်းတွေအတွက် လုပ်ပေးထားတဲ့ locker room လေးထဲ ခပ်မြန်မြန်ဝင်လာလိုက်ပြီး Uniform ချွတ်ကာ T shirtနဲ့ ဂျင်းဘောင်းဘီကို ကောက်ဝတ်လိုက်သည်။
အမှန်အတိုင်းပြောရရင် သူ ဒီနေ့အိမ်ကိုစောစောပြန်ချင်နေပါသည်။ ဒီနေ့လေးက သူ့အတွက် တန်ဖိုးရှိတဲ့နေ့လေးဆိုလည်းမမှားပေ။
ŞİMDİ OKUDUĞUN
Dreamer 🦋 ( U+Z )( Completed )