Part 36🦋

2.3K 234 4
                                    

-Unicode-

"ကျွန်တော့်ကိုဘဝထဲ အမြဲခေါ်ထားပါတော့နော်။
ကျွန်တော်တို့ အိပ်မက်တိုင်းကို အမြဲအတူဖြတ်သန်းကြရအောင်"

ပြေ​ငြိမ်းကပြောပြီးတာနဲ့ ညီမင်းဈာန်တန်းဖက်လိုက်သည်။

ညီမင်းဈာန်ပြောစရာစကားလုံးတွေမရှိတော့လောက် အံ့ဩဝမ်းသာနေရပါသည်။ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင်ဝေ့တက်လာရသည်။ ဝမ်းသာမျက်ရည်ကျတယ်ဆိုတာ ပြေငြိမ်းရင်ခွင်ထဲရောက်မှပဲသူသေချာသိသွားရပါတော့သည်။

" မောင့်ကို ဘာမှ ပြန်မပြောတော့ဘူးလား။ မခေါ်ထားချင်လို့လား"

ပြေငြိမ်းကသူ့ကိုယ်သူမောင်လို့နာမ်စားသုံးလိုက်တာမို့ သူ့ရင်ထဲရှိန်းခနဲဖြစ်ပြီးရှက်သွားရပါသည်။စီးကျနေတဲ့မျက်ရည်တွေနဲ့အတူပြုံးလိုက်မိသည်။သူတစ်ခုခုပြန်ပြောလိုက်ချင်ပေမယ့်ဘာမှပြန်ပြောလို့မရအောင် ဝမ်းသာလုံးစို့နေသည်လေ။

" ဒီတစ်ခါ မောင်းထုတ်လည်း မောင်က ထွက်မသွားတော့ဘူး "

ပြေငြိမ်း စကားကြောင့်သူတချက်ရယ်မိသွားသည်။ သူလည်း ဘယ်တော့မှထပ်မမောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါသည်။

" စကား သာ ပြန်မပြောတာ ရယ်တော့ရယ်တယ်နော် "

" ရယ်လို့မရဘူးလား "

" ရပါတယ်ဗျာ။ရယ်ပါ ရယ်ပါ "

သူကတော့ အခုထိ ပြေငြိမ်းရဲ့ရင်ခွင်နန်းတော်ထဲမှာပဲရှိနေဆဲပါပဲ။ညီမင်းဈာန်အလွမ်းပြေဖက်လို့ဝပြီဆိုမှ ပြေငြိမ်းရင်ခွင်ထဲ က ဖြည်းဖြည်းထွက်လိုက်သည်။ ဒါတောင် ပြေငြိမ်းက သူ့ကို သိပ်ပေးမထွက်သေးပါ။

" ဒါနဲ့ ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်လာတာလဲ အိပ်မက်တော့မဟုတ်ပါဘူးနော် "

" အိပ်မက်မဟုတ်ပါဘူးဗျာ။ တကယ့်အစစ် "

ပြေငြိမ်းက ပြောပြီးတာနဲ့ ညီမင်းဈာန်ပါးကို ရွှတ်ခနဲမြည်အောင်နမ်းလိုက်ပါတော့သည်။

လွန်ခဲ့သော ပတ်ခန့်

" ဟယ်လို "

" ဆရာ။ ဆရာ့နာမည်နဲ့ နိုင်ငံခြားကဖုန်းကောလ်တစ်ခုဝင်လာလို့ပါ "

Dreamer 🦋 ( U+Z )( Completed )Where stories live. Discover now