Part 4 🦋

4K 479 31
                                    

-Unicode-

"Ally Slain "

" The enemy team has slain the dragon "

" ချီးပဲ သေချာမဆော့ကြဘူး။ခွေးမျိုးတွေ ဝင်ချလေကွာ "

ဆူညံသံတွေကပြေငြိမ်းနားထဲအဆက်မပြတ်တိုးဝင်လာသည်။သူအိပ်ယာဝင်ခါနီးအချိန်မျိုးမှာဒီလိုအသံတွေကြားနေရတာ သူအမြင်ကပ်ဆုံးဖြစ်သည်။

" ဟျောင့် မင်း game ဆော့နေတယ်ဆိုလည်း အသံတိုး နားကြပ်တပ်ထားလေကွာ။လူအိပ်ချိန်ကွ။၁၁ နာရီကျော်နေပြီ ။လူလိုနားလည်ဖို့ကောင်းတယ်"

အဆောင်က နှစ်ယောက်တစ်ခန်းမို့ ဘေး ကုတင်က မင်းသူဆိုတဲ့ ကောင်ကို ပြေငြိမ်းသည်းခံနေရတာ တော်တော်ကြာနေပြီဖြစ်သည်။

ညဆိုသန်းခေါင်ကျော်တဲ့အထိ အသံကျယ်ကြီး ရုပ်ရှင်ကြည့်သ​ည်။ သည်းခံရတာများလာပြီမို့ ဒီတစ်ခေါက်တော့သူသည်းမခံနိုင်တော့ပေ။

" မင်း နားမထောင်ချင်ရင်နားကြပ်တပ်ပြီးအိပ်ပါလား။ရောက်တာတစ်လမပြည့်သေးဘူး။လူပါးလာဝနေတယ်။မင်းအထက်အကြီး၊ စကားပြောတာ မမိုက်ရိုင်းနဲ့"

ခနဲ့တည့်တည့် မင်းသူစကားတွေကပြေငြိမ်း
စိတ်ကိုပို၍ဆွနေသလိုဖြစ်နေလေသည်။

" အေး..ရိုင်းသင့်ရင်တော့ ရိုင်းရမှာပဲ။အသက်ကြီးတော့ရော ဘယ်သူ့သောက်ဂရုစိုက်ရမှာလဲ။အသက်ကြီးပြီး လူလို နားမလည်လို့ပြောနေရတာ"

" ဟျောင့်မင်းဘာစကားပြောတာလဲ "

ဘေးကုတင်ကနေ မင်းသူ ထရပ်လိုက်တော့ ပြေငြိမ်းလည်းထလိုက်သည်။

" မင်းကြားတဲ့အတိုင်းပဲ။ လူ့ငနွားကို လူ့ကျင့်ဝတ်နားလည်ဖို့ပြောနေတာ ရှင်းလား "

မင်းသူကသူ့ကို လက်သီးနဲ့ စထိုးလိုက်ပေမယ့်
ပြေငြိမ်း ခပ်မြန်မြန်ရှောင်လိုက်ပြီး မင်းသူမျက်နှာကို ဦးအောင်ပစ်ထိုးလိုက်သည်။
မင်းသူလည်းသူ့ကိုပြန်ထိုးသည်။

အပေါ်ထပ်မှာ ဆူညံသံတွေ တဒုံးဒုံးနဲ့ ဖြစ်နေပြီမို့ အဆောင်ပိုင်ရှင်နဲ့ အဆောင်နေကျောင်းသားတွေအခန်းထဲကို ရောက်လာပြီးပြေငြိမ်းတို့ကိုဝိုင်းဆွဲကြသည်။

Dreamer 🦋 ( U+Z )( Completed )Tahanan ng mga kuwento. Tumuklas ngayon