Part 33 🦋

3.1K 393 69
                                    

-Unicode-

ညီမင်းဈာန် အနည်းဆုံးတော့ အလွမ်းပြေလှမ်းပြုံးပြလိုက်ပေမယ့် ပြေငြိမ်းကတော့ သူနဲ့အကြည့်ချင်းဆုံတာနဲ့ ခပ်သွက်သွက်ပဲ အဆောင်ရှေ့က ထွက်သွားပါသည်။

တစ်ခါတစ်လေ အမှတ်မရှိ ခေါ်ပြောမိနေတတ်တဲ့ သူ့ကိုယ်သူလည်း စိတ်ပျက်မိသည်။တကယ်ဆိုသူလည်း ဖာသိဖာသာ နေတတ်နေသင့်ပြီလေ။

နေသွေးကတော့ သူ့ကိုမြင်တာနဲ့ အပြေးတပိုင်းရောက်လာပါသည်။ နေသွေးနဲ့ ပြေငြိမ်း ဘာတွေပြောနေခဲ့ကြလည်း သူမသိပါသလို သိလည်းမသိလိုတော့ပါ။

သူနေတတ်နိုင်ခဲ့တယ်ဆိုတာထက် နေတတ်အောင်ကြိုးစားနေတယ်ဆို ပိုမှန်ပါလိမ့်မည်။

" ဈာန် မင်းဖြေနိုင်လား "

" ဒီနေ့တော့ အရမ်းမဖြေနိုင်ဘူး "

" ဟာ ဖြစ်ရမယ်။အောင်မှတ်တော့ရတယ်မလား"

" မသိဘူးလေ။ရမှာပါ "

" မင်းဖြေတာ မင်းမသိဘူးလားဈာန် "

" မင်းပဲယုံ နေသွေးရာ။ ဒင်းလားမဖြေနိုင်မှာ။ စာတွေသေအောင်ကျိတ်လုပ်နေတာ "

နေသွေးက ကျော်ဇင့်စကားကြားပြီးတာနဲ့ ညီမင်းဈာန်ကိုပေစောင်းစောင်းလှမ်းကြည့်ပါသည်။ နေသွေးက အခုဆို သူတို့အဖွဲ့နဲ့ တော်တော်ကို ဟန်ကျနေသည်လေ။

သူဘယ်ခေါ်ခေါ်မငြီးမငြူလိုက်ပို့တတ်တဲ့နေသွေးကိုတော့ တခါတလေ အရမ်းကိုအားနာမိသည်။နေသွေးအပေါ် အမှားလုပ်မိသွားမှာကိုလည်းစိုးရိမ်ရပါသည်။

" ထင်တော့ထင်ပါတယ် ကျော်ဇင်ရာ။ ဒီကောင် လေ ငါသူ့အိမ်ကို စာမေးပွဲတွင်းလာမယ်ပြောတိုင်း မောင်းထုတ်နေတာ"

" မောင်းသာမထုတ်ကြည့် ငါစာမေးပွဲကျသွားတော့မှာ"

" ဟဲ့ ဘာလို့လဲ "

ဟေမာက စပ်စုစိန်ဖြစ်တာမို့စကားမဆုံးသေးခင်မှာပဲလှမ်းမေးပါသည်။

" ဘာလို့ရမှာလဲ။ သူအိမ်မှာရောက်နေရင် ငါစာကောင်းကောင်းလုပ်လို့ရမယ်လို့နင်တို့ထင်နေလား။ မရမက ငါ့ကို gameဆော့ခိုင်း၊ စကားထိုင်များခိုင်းနေတော့မှာ ။ နင်တို့သူ့အကြောင်း ကြာရင်သိလာလိမ့်မယ်"

Dreamer 🦋 ( U+Z )( Completed )Where stories live. Discover now