-Unicode-
ပြေငြိမ်းရဲ့ အကြည့်တွေကြားထဲ ညီမင်းဈာန် နစ်မျောနေရသလို မလုပ်ချင်ဘူးလို့ငြင်းနေခဲ့တဲ့ ပြေငြိမ်းက ရုတ်တရက်ရောက်လာပြီး Selection ဝင်ချင်တယ်လို့ပြောနေတာမို့ ပိုရူးချင်နေမိပါသည်။
အားလုံးကလည်း ကြောင်အမ်းအမ်းဖြစ်နေကြသည်။
ပြေငြိမ်းက ကျော်ဇင့်ကို ထပ်မေးလိုက်သည်။
" ကိုကျော်ဇင် ကျွန်တော် King selections ထဲ ပါလို့ရသေးလား"
ကျော်ဇင်ကတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတာမို့ ဟေမာက ခပ်မြန်မြန်ဝင်ပြောလိုက်သည်။
" ရတာပေါ့ မောင်လေးရဲ့။ မောင်လေးကို ခုနတည်းက ရွေးထားတာပဲ။ မလုပ်ချင်ဘူးပြောလို့ ဘာမှဆက်မပြောတော့တာ။
ဒါနဲ့ ဘာလို့စိတ်ပြောင်းသွားတာလဲဟင်။ အမတို့သိလို့ရမလား "ညီမင်းဈာန်လည်း ဒီမေးခွန်းကိုအရမ်းသိချင်နေခဲ့တာမို့ ဟေမာ့ကို ကျေးဇူးတင်ရပါသည်။
ပြေငြိမ်းက သူ့ကိုတချက်ပြန်လှမ်းကြည့်သည်။ပြီးတာနဲ့ ဟေမာ့ဘက်ကိုပြန်ကြည့်လိုက်ပြီး
" ကျွန်တော် စမ်းကြည့်ချင်လို့ပါ"
ပြေငြိမ်းအဖြေကြောင့် သူရုတ်တရက် ဆွံ့အသွားရပါသည်။ ဘယ်လိုအဖြေကြီးပါလိမ့်လို့လည်းတွေးမိသည်။
ဟေမာက ပြေငြိမ်းဖြေတာကိုသဘောကျပြီးပြုံးစိစိလုပ်နေတာမို့ ပြေငြိမ်းကထပ်ပြောလိုက်သည်။
" ကျွန်တော်ပြောချင်တာက မလုပ်ရဲမလုပ်ဖူးတာမျိုးမရှိအောင် စမ်းကြည့်ချင်တာပါ"
" အော် ဟုတ်ပါပြီရှင်။ စမ်းလို့ရပါတယ်"
ဟေမာ့စကားကြောင့်ဘေးက ဇာခြည်က လက်တို့သည်။
" ဟဲ့ ဘာစကားကြီးလဲ"
" အော် ငါပြောချင်တာက အခုချိန်မှ selection ထဲလာဝင်လည်းရတယ်လို့ပြောတာပါ နင်ကလည်း "
မျိုးမင်းထွန်းက ဟေမာတို့ပြောနေရင်မပြီးနိုင်မစီးနိုင်ဖြစ်နေတော့မှာမို့ ဝင်ပြောရသည်။
" ဒါဆို ညီလေး ဟိုဘက်က သူငယ်ချင်းတွေနဲ့ သွားထိုင်ပေးနော်။အကိုတို့ညီလေးနာမည်ကိုထည့်ထားလိုက်ပါ့မယ်"
YOU ARE READING
Dreamer 🦋 ( U+Z )( Completed )