Part 22🦋

3K 389 59
                                    

-Unicode-

​ပြေငြိမ်းရဲ့ခါးကို ညီမင်းဈာန် တင်းတင်းဖက်ထားလိုက်သည်။

ဒီလိုမှမဖက်ထားရင် ပြေငြိမ်းပိုသောင်းကြမ်းတော့မယ်ဆိုတာသူသေချာသိပါသည်။

""အကိုမင်းဘေးကိုဘာမှမဖြစ်ဘဲရောက်နေပြီပဲ။အကိုလုံခြုံနေပါပြီ....လိမ္မာတယ်နော်။ ရန်သွားမဖြစ်နဲ့တော့ "

သူပြေငြိမ်းကျောပြင်ပေါ်ကို ပါးကပ်ထားပြီး ပြောလိုက်သည်။ပြောသာပြောရသည် ပြေငြိမ်းဒေါသကိုတော့ သူကြောက်မိပါသည်။

ပြေငြိမ်းဆီက ဘာသံမှထွက်မလာတော့သလိုသူဖက်ထားတာကိုလည်းမရုန်းဘဲငြိမ်နေသည်။

" ပြေငြိမ်း အကိုဘာမှမဖြစ်ဘူးလေ။စိတ်ကိုလျှော့လိုက်တော့နော် "

ပြေငြိမ်း အသက်ရှူသံတွေမြန်နေတာမို့ထင်သည်။ ခန္ဓာကိုယ်က မငြိမ်သက်ဘဲလှုပ်နေပါသည်။သူ့အားဘာမှပြန်မပြောသေးတာမို့ ထပ်ခေါ်လိုက်သည်။

" ပြေငြိမ်း.... တစ်ခုခုပြောဦး။ ဘာမှမပြောဘဲမနေနဲ့လေ"

" ကျွန်တော် အခုချိန် ဟိုကောင့်ကို သတ်ချင်နေတာပဲသိတယ်"

သတ်ချင်နေတယ်ဆိုတဲ့ အသံကြားတာနဲ့ ညီမင်းဈာန်ခါးကိုပိုတင်းအောင်ဖက်ထားလိုက်သည်။

" အ...ဖြည်းဖြည်းဖက်လေ။ကျွန်တော်ခါးကျိုးတော့မယ်"

" မရဘူး။မင်း မသွားတော့ဘူးဆိုမှ လွှတ်မယ်"

သူ့လက်နှစ်ဖက်ကိုပြေငြိမ်းက ဖယ်ဖို့လုပ်ပေမယ့် ဖယ်မရအောင်ပိုဖက်ထားသည်။

" မသွားတော့ဘူးဗျာ မသွားတော့ဘူး။လွှတ်တော့"

ပြေငြိမ်းဆီက သဘောတူချက်ရမှ သူခါးကို လွှတ်ပေးလိုက်သည်။

ပြေငြိမ်းက သူလွှတ်ပေးလိုက်တာနဲ့သူ့ဘက်လှည့်လာပြီး သူ့မျက်နှာကို ကိုင်ကြည့်သည်။

" အ...အဲ့နားကို အရမ်းမကိုင်နဲ့ နာနေတယ်"

" နာမှာပေါ့...လူတတ်ကြီး သိပ်လုပ်ချင်တာကို"

ပြေငြိမ်းပုံက သူ့ကိိုစိတ်ပူနေတဲ့ပုံပေါက်နေပေမယ့် ဘုကလန့်ကတော့ ပြောနေတုန်းပါပဲ။

Dreamer 🦋 ( U+Z )( Completed )Where stories live. Discover now